Connect with us

Hi, what are you looking for?

သတင်း

တရုတ်၏ကြားဝင်မှုကို အသိအမှတ်ပြုဟု NUG အသိပေး

လက်ရှိတွင် နေပြည်တော်က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်၌ ပူးပေါင်းစစ်ဆင်ရေးများကို ဆင်နွှဲနေကြောင်း ပြောသည်။

(မင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံနေစဉ်)
(မင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံနေစဉ်)

▪️စစ်ကောင်စီ၏ လူမဆန်သည့်လုပ်ရပ် များတား ဆီးမှု ပိုလုပ်ပေးရန် တိုက်တွန်း

▪️တရုတ်နှင့် မြောက်ပိုင်းအဖွဲ့များ အပြုသဘောဆောင်သည့် ဆွေးနွေးမှုဖြစ်ပါစေဟု ယာယီသမ္မတပြော

မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ကြားဝင်မှုကိုအသိအမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ပြောကြားလိုက်သကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ တားဆီးမှုကို ပို၍ပြုလုပ်ပေးရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်သစ်ဖြစ်သည့် မစ္စတာတိန့်ရှီကျွန်းက မင်းအောင်လှိုင်နှင့်တွေ့ဆုံခြင်း၊ ၀တပ်ဖွဲ့ (UWSA)၊ ကချင်အဖွဲ့(KIA)အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံခြင်း၊ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ အစည်းအဝေးပြုလုပ်ပြီး တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုထောက်ခံကြောင်း အသိပေးခြင်း ကိစ္စရပ်များ ပေါ်ပေါက်သည့်အခြေအနေတွင် ယာယီသမ္မတက ယနေ့ပြုလုပ်သည့် အစည်းအဝေး၌ တရုတ်နိုင်ငံအရေးကိစ္စကို ထည့်သွင်းပြောဆိုခဲ့သည်။

အားလုံး၏ အန္တိမရည်မှန်းချက်ဖြစ်သည့် အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် အတွက် တခုတည်းသောနည်းလမ်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ ကာကွယ်ရေးတပ်များ၏ စုပေါင်းအားနှင့် တိုက်ထုတ်ရန်သာ ဖြစ်ကြောင်း ယာယီသမ္မတက ပြောပါတယ်။

“ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု တွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်ပါစေလို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သုံးသပ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ လုပ်ရပ်မျိုး ဘယ်သောအခါမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ပြောလိုပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုအချိန်သည် အားလုံးအကြား ယခုထက်ပိုစည်းလုံးပြီး စစ်အုပ်စုကို ဖြုတ်ချရန် လုပ်ဆောင်ရမည့် အချိန်ဖြစ်၍ ပိုမိုစည်းလုံးကြရန်လည်း တိုက်တွန်းခဲ့သည်။

“မြန်မာ့အရေးအတွက် တရုတ်နိုင်ငံရဲ့ကြားဝင်လုပ်ဆောင်ပေးမှုကိုလည်း ကျနော်တို့အနေနဲ့ အသိအမှတ်ပြုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ပိုမိုဆောင် ရွက်ပေးဖို့ကို တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိတွင် နေပြည်တော်က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်၌ ပူးပေါင်းစစ်ဆင်ရေးများကို ဆင်နွှဲနေကြောင်း ပြောသည်။

“ဒီလိုပူပေါင်းစစ်ဆင်ရေးတွေကတဆင့် ကျနော်တို့ရဲ့ အောင်ပွဲဟာ လက်တကမ်းကို ရောက်လာမှာ မလွဲပါဘူး ခင်ဗျာ။ ဒီလိုအောင်ပွဲကို မရောက်အောင် တားမြစ်နေတဲ့ အခြေအနေတွေကို စစ်ကောင်စီက တစိုက်မတ်မတ် ဖန်တီးနေတာ တွေလည်းရှိနေပါတယ်။ ကရင်နီဒေသမှာဆိုရင် စစ်အုပ်စုက ကရင်နီနဲ့ ပအိုဝ်းလူထုအကြား သွေးခွဲ ပြီး လူမျိုးအချင်းချင်းကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေတာကို တွေ့ရပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၁ရက်က ပင်လောင်းမြို့နယ် နမ်းနိန်ရွာမှ သံဃာသုံးပါးအပါအဝင် အရပ်သား ပြည်သူ ၂၂ဦးကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ ယင်းကိစ္စရပ်အပါအဝင် စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် သတိကြီးကြီးထားပြီး တော်လှန်ရေး ရည်မှန်းချက် ရောက်အောင် ခရီးဆက်ကြရန် ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။