Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးနယ်ဘုက္ကန်ရဲကင်းစခန်းအား​တော်လှန်​ရေးအဖွဲ့များ သိမ်းပိုက်၊ လက်နက်မျိုးစုံ ၁၅လက်ရဟုထုတ်ပြန်

ယနေ့မတ်လ ၂၄ရက် နံနက် ၇နာရီ ခွဲခန့်တွင် ရဲစခန်းအား ဝင်ရောက် စီးနင်း တိုက်ခိုက်ရာ ထိတွေ့မှု ၄၅ မိနစ်ခန့် ဖြစ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။

(ရဲကင်းစခန်းအားသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NLA)
(ရဲကင်းစခန်းအားသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NLA)

စစ်ကိုင်းတိုင်း တမူးမြို့နယ် ကလေး-တမူးလမ်းရှိ ဘုက္ကန် ရဲကင်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ့လက်နက်ငယ် မျိုးစုံ ၁၅လက်ရရှိခဲ့ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က သတင်းထုတ်ပြန်သည်။

ယနေ့မတ်လ ၂၄ရက် နံနက် ၇နာရီ ခွဲခန့်တွင် ရဲစခန်းအား ဝင်ရောက် စီးနင်း တိုက်ခိုက်ရာ ထိတွေ့မှု ၄၅ မိနစ်ခန့် ဖြစ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။

(ရဲကင်းစခန်းအားသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NLA)
(ရဲကင်းစခန်းအားသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NLA)

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးရှိမရှိကို ဖော်ပြမထားသော်လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ်မျိုးစုံ ၁၅လက်၊ ကျည်မိုးစုံ နှစ်ထောင်ကျော်၊ ကျည်ကတ်များ၊ ရှေ့ထွက်မိုင်း နှင့် လက်ပစ်ဗုး၊ စကားပြောစက် အပါအဝင် ရဲတပ်ဖွဲ့သုံး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယခု စစ်ဆင်ရေးကို ဘုတ်ငှက်စစ်ဆင်ရေးဟု အမည်ပေးခဲ့ကြောင်း၊ NLA အနေဖြင့် စစ်ကောင်စီထောက်တိုင် မည်သည်အဖွဲ့အစည်းမဆို ပြင်းထန်စွာ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း နှင့် မည်သည့်အာဏာရှင်မဆို အမြစ်ပြတ်သည်အထိ တော်လှန်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

Public Service Announcement

Public Service Announcement

NLAသည် တမူး ကဘော်ဒေသ၌ လှုပ်ရှားသည့်တပ်ဖြစ်ပြီး ယခင်က တမူးကဘော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၃)အဖြစ်မှ ယခုနှစ် မတ်လတွင် NLA အဖြစ် ပြောင်းလဲတည်ထောင်လိုက်ခြင်းဖြစ်သည်။

စခန်းအသိမ်းခံရခြင်း​ကြောင့်စစ်​ကောင်စီတပ်က ​လေ​ကြောင်သုံးတိုက်ခိုက်​နေ​ကြောင်း​​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဟုမ္မလင်းမြို့နယ်နှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေပြီး အမှတ် (၁) စစ်ဒေသအောက်မှ တပ်ရင်းများပူးပေါင်း၍ စစ်ရေးဖော်ဆောင်နေသည်။

သတင်း

သနန်ရွာရှိ အကျဉ်းစခန်းကို နိုဝင်ဘာ၂၂ ရက်နံနက် ၈နာရီတွင် စတင်တိုက်ခဲ့ပြီး ည ၉နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ထိုအကျဉ်းစခန်း စခန်းမှူးကိုလည်း အရှင်ဖမ်းမိခဲ့သည်ဟုလည်းအသိ​ပေးထားသည်။

သတင်း

စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ပန်းသာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နှင့် Fighter Police CDM တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

ပန်းသာကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြီးခဲ့သည့် ဇွန်လကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ဖူးသည်။