Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် ပလဖ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေးသွားခြင်းအ​ပေါ် NUG ပြည်ထဲရေးဝန်ကြီးဌာန ဝေဖန်ခံရ

ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။
စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။

အိမ်သွင်/People’s Spring

တမူးမြို့နယ်အတွင်း တိုက်ပွဲများ၌ ဖမ်းမိထားပြီး တမူးမြို့နယ် ပြည်သူ့လုံခြုံ​ရေးအဖွဲ့(တမူးပလဖ)က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်ရပ်အတွက် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပြည်ထဲရေးဝန်ကြီးကို​ဝေဖန်​နေကြပြီးဖြေရှင်းပေးရန် ဒေသခံများကလိုလားနေကြသည်။

တမူးမြို့နယ်မြို့သစ်မြို့သိမ်းတိုက်ပွဲ၊ သနန်ရဲဘက်စခန်းသိမ်းတိုက်ပွဲများ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၃၄ဦးသည် ဒီဇင်ဘာလ ၁၂ရက်ညက အချုပ်ခန်း‌ဖောက်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။

” သတင်းကြားကြားချင်း စိတ်ပျက်ရတာပဲ။ လွတ်သွားတဲ့အထဲမှာ အရေးကြီးတဲ့ စစ်သုံးပန်းတွေပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို ပလဖက အတွင်းစည်းက လုဲခြုံရေးယူထားပြီး ပကဖက အပြင်စည်းက လုံခြုံရေးယူတာ” ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် တမူး‌ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်သုံ့ပန်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲနှင့် ပျူစောထီးများပါဝင်သည်။ရဲCDM အယောင်ဆောင် တစ်ဦးက ပလဖအဖွဲ့ဝင်များအား အယုံသွင်း၍ အချုပ်‌ခန်းဖောက်ခန်း​ဖောက်သွားခဲ့ ခြင်းဖြစ်​ကြောင်း PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်း
တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်း

” ရဲCDM အယောင်ဆောင် ဇေယျာထက်က အကုန်ခေါ်ထုတ်သွားတာ။ ပလဖရော၊ ပကဖရော ပေါ့ဆတယ်ဗျာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။

“ တော်တော်ကိုပေါ့လျော့တဲ့ကိစ္စဗျ။ စစ်သုံ့ပန်းတွေလွတ်သွားတာ အားလုံးအတွက်အန္တရာယ်ကြီးတယ်။ ဦးလွင်ကိုလတ်(NUG ပြည်ထဲ​ရေးဝန်ကြီး)အနေနဲ့ ဒါကို တာဝန်ယူဖြေရှင်းပေးဖို့ ကျတော်တို့မြို့ခံတွေ တိုက်တွန်းတယ်ဗျာ” ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

စစ်သုံ့ပန်းများကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းတိုက်ပွဲများ၌ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် အချုပ်ခန်း၌ မထားဘဲ ပြင်ပတွင်သာ ‌နေ‌ထိုင်စေခဲ့သည်ဟု တမူးမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တစ်ဦးကပြောသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားခြင်းဟု ၎င်းက သုံးသပ်သည်။

“ လိုက်ရှာနေကြပေမယ့် နယ်စပ်ကနေတစ်ဆင့် အိန္ဒိယထဲဝင်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့မင်းသာရွာ၊ ကျွန်းပင်သာရွာဘက်ကို ရောက်သွားပြီလို့ကြားတယ်” ဟု ​ဒေသခံကာကွယ်​ရေးရဲဘော်တစ်ဦး‌ကပြောသည်။

စစ်သုံ့ပန်းအများအပြား လွတ်မြောက်သွားသည့်ဖြစ်စဉ်အတွက် တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကို မြို့ခံများက အပြင်းအထန် ဝေဖန်နေသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ ရှိသည်။ ထို့ကြောင့် ယခုဖြစ်စဉ်ကို ဦးလွင်ကိုလတ် ဖြေရှင်းပေးရန် မြို့ခံများက တောင်းဆို‌ကြသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ကို ​မေးမြန်းရန် People’s Spring ကဆက်သွယ်​နေဆဲဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။
စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။

တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တို့နှင့်ပတ်သက်ပြီး တိုင်ကြားမှုများ ရှိနေသည့် အခြေအနေတွင် စည်းကမ်းဖောက်ဖျက်မှုများ ရှိပါက မူဝါဒနှင့်ထိန်းကျောင်းခြင်း၊ ရဲဝံ့စွာ အရေးယူခြင်းတို့ ပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၁၀ ရင်​နေ့တွင်ပြုလုပ်​သော အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြောကြားထားသည်။

(တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- KNA Burma)

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ရေးနည်းပြများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖေဖော်ဝါရီအတွင်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ လူထုကိုဝန်ပိစေတဲ့ကိစ္စရပ်တွေ မဖြစ်ရေး အထူးသတိထားဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။