Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် ပလဖ ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေးသွားခြင်းအ​ပေါ် NUG ပြည်ထဲရေးဝန်ကြီးဌာန ဝေဖန်ခံရ

ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။
စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။

အိမ်သွင်/People’s Spring

တမူးမြို့နယ်အတွင်း တိုက်ပွဲများ၌ ဖမ်းမိထားပြီး တမူးမြို့နယ် ပြည်သူ့လုံခြုံ​ရေးအဖွဲ့(တမူးပလဖ)က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်ရပ်အတွက် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပြည်ထဲရေးဝန်ကြီးကို​ဝေဖန်​နေကြပြီးဖြေရှင်းပေးရန် ဒေသခံများကလိုလားနေကြသည်။

တမူးမြို့နယ်မြို့သစ်မြို့သိမ်းတိုက်ပွဲ၊ သနန်ရဲဘက်စခန်းသိမ်းတိုက်ပွဲများ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၃၄ဦးသည် ဒီဇင်ဘာလ ၁၂ရက်ညက အချုပ်ခန်း‌ဖောက်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။

” သတင်းကြားကြားချင်း စိတ်ပျက်ရတာပဲ။ လွတ်သွားတဲ့အထဲမှာ အရေးကြီးတဲ့ စစ်သုံးပန်းတွေပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို ပလဖက အတွင်းစည်းက လုဲခြုံရေးယူထားပြီး ပကဖက အပြင်စည်းက လုံခြုံရေးယူတာ” ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် တမူး‌ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်သုံ့ပန်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲနှင့် ပျူစောထီးများပါဝင်သည်။ရဲCDM အယောင်ဆောင် တစ်ဦးက ပလဖအဖွဲ့ဝင်များအား အယုံသွင်း၍ အချုပ်‌ခန်းဖောက်ခန်း​ဖောက်သွားခဲ့ ခြင်းဖြစ်​ကြောင်း PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်း
တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်း

” ရဲCDM အယောင်ဆောင် ဇေယျာထက်က အကုန်ခေါ်ထုတ်သွားတာ။ ပလဖရော၊ ပကဖရော ပေါ့ဆတယ်ဗျာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။

“တော်တော်ကိုပေါ့လျော့တဲ့ကိစ္စဗျ။ စစ်သုံ့ပန်းတွေလွတ်သွားတာ အားလုံးအတွက်အန္တရာယ်ကြီးတယ်။ ဦးလွင်ကိုလတ်(NUG ပြည်ထဲ​ရေးဝန်ကြီး)အနေနဲ့ ဒါကို တာဝန်ယူဖြေရှင်းပေးဖို့ ကျတော်တို့မြို့ခံတွေ တိုက်တွန်းတယ်ဗျာ”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

စစ်သုံ့ပန်းများကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းတိုက်ပွဲများ၌ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် အချုပ်ခန်း၌ မထားဘဲ ပြင်ပတွင်သာ ‌နေ‌ထိုင်စေခဲ့သည်ဟု တမူးမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တစ်ဦးကပြောသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားခြင်းဟု ၎င်းက သုံးသပ်သည်။

“လိုက်ရှာနေကြပေမယ့် နယ်စပ်ကနေတစ်ဆင့် အိန္ဒိယထဲဝင်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့မင်းသာရွာ၊ ကျွန်းပင်သာရွာဘက်ကို ရောက်သွားပြီလို့ကြားတယ်”ဟု ​ဒေသခံကာကွယ်​ရေးရဲဘော်တစ်ဦး‌ကပြောသည်။

စစ်သုံ့ပန်းအများအပြား လွတ်မြောက်သွားသည့်ဖြစ်စဉ်အတွက် တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကို မြို့ခံများက အပြင်းအထန် ဝေဖန်နေသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ ရှိသည်။ ထို့ကြောင့် ယခုဖြစ်စဉ်ကို ဦးလွင်ကိုလတ် ဖြေရှင်းပေးရန် မြို့ခံများက တောင်းဆို‌ကြသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ကို ​မေးမြန်းရန် People’s Spring ကဆက်သွယ်​နေဆဲဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။
စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။

တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တို့နှင့်ပတ်သက်ပြီး တိုင်ကြားမှုများ ရှိနေသည့် အခြေအနေတွင် စည်းကမ်းဖောက်ဖျက်မှုများ ရှိပါက မူဝါဒနှင့်ထိန်းကျောင်းခြင်း၊ ရဲဝံ့စွာ အရေးယူခြင်းတို့ ပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၁၀ ရင်​နေ့တွင်ပြုလုပ်​သော အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြောကြားထားသည်။

(တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို ​တော်လှန်​ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလတွင် သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- KNA Burma)

ဆက်စပ်သတင်းများ

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမည်ဟု ဆို

သတင်း

နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ထိုင်းနှင့် တရုတ်အပါအဝင် အိမ်နီးချင်း ၅နိုင်ငံနှင့် အချက်အလက်မျှဝေလိုဟု တောင်းဆို