Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူတိုက်ပွဲ စစ်ကောင်စီတပ်ဗိုလ်မှူးအဆင့်ရှိ ဒုစစ်ကြောင်းမှူးသေဆုံး၊ လေကြောင်းပစ်ကူ တိုက်ခိုက်

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

(ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇) က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့စဥ်)
(ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇) က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့စဥ်)

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ရာ ဗိုလ်မှူးအဆင့်ရှိ ဒုစစ်ကြောင်းမှူး သေဆုံးခဲ့ကြောင်း ဒေသခံက ပြောသည်။

မတ်လ ၂၃ရက်တွင် စစ်ကောင်စီတပ်က ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံရွှေကူပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ ဒေသခံကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများဖြစ်ခဲ့သည်။

“ဒုစစ်ကြောင်းမှူးကျတယ်ကြားတယ်။ ဆင့်ကဲဆင့်ကဲကြားရတဲ့ သတင်းကတော့ သူတို့ မနေ့က သင်္ဂြိုလ်ပွဲလုပ်တယ်လို့ ကြားရတယ်။ ဒုစစ်ကြောင်းမှူး ဆိုရင်တော့ ဗိုလ်မှူးအဆင့်တောရှိမှာပေါ့။ တပ်ရင်းမှူးတွေက ဒုဗိုလ်မှူးကြီးတွေ ပေးလေ့ရှိတယ်။ သူတို့ကလည်း သူတို့ အရာရှိတွေ ထိပြီဆို လေကြောင်းသုံးလေရှိတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခြင်းမှာ မတ်လ ၂၃ရက်တိုက်ပွဲ၌ သေဆုံးသူများ၌ စစ်ကောင်စီဒုစစ်ကြောင်းမှူး ပါဝင်၍ဖြစ်နိုင်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရွှေကူမြို့နယ်အတွင်း နှစ်နေရာတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မတ်လ ၂၃ရက်မှစတင်ကာ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။ ယနေ့(မတ်လ ၂၅ရက်)တွင် နန့်လတ်၊ နောင်လက်ဒေသ၌ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီးနောက် ညနေ ‌၄နာရီခန့်တွင် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်သွားကြောင်းလည်း ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ ထောက်ပို့ရဲဘော်က “ကိုယ့်ရဲဘော်တွေက ဝိုင်းပိတ်ထားတာ။ စစ်တပ်က အခြေအနေမကောင်းတော့ လေကြောင်းကနေ လာပစ်တယ်။ရဟတ်ယာဉ်တစ်စီးစီက နှစ်ကြောင်းပတ်ပြီး ပစ်သွားတယ်။ “ဟု ပြောသည်။

“သူတို့ အထိနာတဲ့သဘောဆိုတော့ စစ်ကူတောင်းတာနေမှာပေါ့။ နမ့်လန်နောင်လက် ဘက်မှာ ငြိမ်နေပြီးတော့ မကြာဘူး ဖိုက်တာနဲ့ နျစ်လုံး ၊ သုံးလုံးလောက် လာချသွားတာ။တိုက်ပွဲက ငြိမ်နေတာ။တိုက်ပွဲငြိမ်ပြီးတဲ့နောက်ပိုင်း လာချသွားတာ”ဟု ဒေသခံက ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ပြောပြသည်။

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

သုံးရက်ဆက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ လက်နက်ခဲယမ်းလိုအပ်ချက်ရှိခဲ့သော်လည်း ယနေ့တွင် ထပ်မံဖြည့်ဆည်းပေးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ယ​နေ့တိုက်ပွဲမြေပြင်ထိခိုက်မှုသတင်းများကိုမူ မသိရသေးပေ။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း အထိ‌နာနေသည်။ ကရင်နီပြည်နယ် ဒီ‌မောဆိုမြို့မှ လေးရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းလိုက်ပြုတ်သလို ယနေ့ နံနက်တွင် ကရင်ပြည်နယ် မြဝတီမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ပြီး အချို့လက်နက်ချခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။