Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတိုက်ပွဲ စစ်ကောင်စီတပ်ဗိုလ်မှူးအဆင့်ရှိ ဒုစစ်ကြောင်းမှူးသေဆုံး၊ လေကြောင်းပစ်ကူ တိုက်ခိုက်

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

(ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇) က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့စဥ်)
(ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇) က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့စဥ်)

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ရာ ဗိုလ်မှူးအဆင့်ရှိ ဒုစစ်ကြောင်းမှူး သေဆုံးခဲ့ကြောင်း ဒေသခံက ပြောသည်။

မတ်လ ၂၃ရက်တွင် စစ်ကောင်စီတပ်က ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံရွှေကူပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ ဒေသခံကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများဖြစ်ခဲ့သည်။

“ဒုစစ်ကြောင်းမှူးကျတယ်ကြားတယ်။ ဆင့်ကဲဆင့်ကဲကြားရတဲ့ သတင်းကတော့ သူတို့ မနေ့က သင်္ဂြိုလ်ပွဲလုပ်တယ်လို့ ကြားရတယ်။ ဒုစစ်ကြောင်းမှူး ဆိုရင်တော့ ဗိုလ်မှူးအဆင့်တောရှိမှာပေါ့။ တပ်ရင်းမှူးတွေက ဒုဗိုလ်မှူးကြီးတွေ ပေးလေ့ရှိတယ်။ သူတို့ကလည်း သူတို့ အရာရှိတွေ ထိပြီဆို လေကြောင်းသုံးလေရှိတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခြင်းမှာ မတ်လ ၂၃ရက်တိုက်ပွဲ၌ သေဆုံးသူများ၌ စစ်ကောင်စီဒုစစ်ကြောင်းမှူး ပါဝင်၍ဖြစ်နိုင်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရွှေကူမြို့နယ်အတွင်း နှစ်နေရာတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မတ်လ ၂၃ရက်မှစတင်ကာ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။ ယနေ့(မတ်လ ၂၅ရက်)တွင် နန့်လတ်၊ နောင်လက်ဒေသ၌ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီးနောက် ညနေ ‌၄နာရီခန့်တွင် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်သွားကြောင်းလည်း ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ ထောက်ပို့ရဲဘော်က “ကိုယ့်ရဲဘော်တွေက ဝိုင်းပိတ်ထားတာ။ စစ်တပ်က အခြေအနေမကောင်းတော့ လေကြောင်းကနေ လာပစ်တယ်။ရဟတ်ယာဉ်တစ်စီးစီက နှစ်ကြောင်းပတ်ပြီး ပစ်သွားတယ်။ “ဟု ပြောသည်။

“သူတို့ အထိနာတဲ့သဘောဆိုတော့ စစ်ကူတောင်းတာနေမှာပေါ့။ နမ့်လန်နောင်လက် ဘက်မှာ ငြိမ်နေပြီးတော့ မကြာဘူး ဖိုက်တာနဲ့ နျစ်လုံး ၊ သုံးလုံးလောက် လာချသွားတာ။တိုက်ပွဲက ငြိမ်နေတာ။တိုက်ပွဲငြိမ်ပြီးတဲ့နောက်ပိုင်း လာချသွားတာ”ဟု ဒေသခံက ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ပြောပြသည်။

မတ်လ၂၄ရက်ကလည်း ရွှေကူမြို့နယ် နတ်လန်ကျေးရွာရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ် ခလရ(၇၇)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KPDFက အသိ​ပေးသည်။

သုံးရက်ဆက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ လက်နက်ခဲယမ်းလိုအပ်ချက်ရှိခဲ့သော်လည်း ယနေ့တွင် ထပ်မံဖြည့်ဆည်းပေးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ယ​နေ့တိုက်ပွဲမြေပြင်ထိခိုက်မှုသတင်းများကိုမူ မသိရသေးပေ။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း အထိ‌နာနေသည်။ ကရင်နီပြည်နယ် ဒီ‌မောဆိုမြို့မှ လေးရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းလိုက်ပြုတ်သလို ယနေ့ နံနက်တွင် ကရင်ပြည်နယ် မြဝတီမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ပြီး အချို့လက်နက်ချခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။