Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ကင်းလှည့်ထောက်လှမ်းနေသော ရဲအဖွဲ့ကို KIA၊PDF ပစ်ခတ်တိုက်ခိုက်

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

(ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪️ရဲအရာရှိသေပြီး ယာဉ်နှင့်လက်နက်ခဲယမ်းများသိမ်းယူခဲ့ဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယာဉ်နှစ်စီးဖြင့်ကင်းလှည့်၍ PDF ရဲဘော်များအား သတင်းထောက်လှမ်းနေသော ရဲသုံးဦးကို KIA၊PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ရာ ရဲအရာရှိတစ်ဦးသေဆုံးပြီး ယာဉ်နှင့်လက်နက်ခဲယမ်းများ ပူးပေါင်းအဖွဲ့က သိမ်းယူနိုင်ခဲ့သည်။

“ရဲအုပ်စုက ဆိပ်မူလမ်းဆုံမှာ ယောင်လည်လည် လာလုပ်နေလို့ အနီးကပ်တည်ဖြုတ်တာ။ အရာရှ်ိတစ်ကောင်ရတယ်။ ကားပါ အရယူခဲ့တာမို့ အလောင်းကြီးပါ ပါလာတယ်။ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးလိုက်ပါမယ်”ဟု ဖားကန့် PDF ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကို ယမန်နေ့ (မတ်လ ၂၆ရက်) ညနေ ၅နာရီခွဲခန့်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာလမ်းဆုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆိပ်မူရဲကင်းမှ ဒုရဲအုပ်ညီညီထက်အောင်အပါအဝင် ရဲသုံးဦးက ယာဉ်နှစ်စီးဖြင့် ရောက်လာစဉ် KIA၊PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“မက်တူးကားတစ်စီး၊ G-3 သေနတ်တလက်၊G3 ကျည် ‌၆၃တောင့်၊ AK ကျည် ၁၄၈ တောင့်၊ ဖုန်းတစ်လုံးရတယ်ဗျာ။ ဖုန်းထဲက အချက်အလက်တွေစိစစ်ပြီး လိုက်ဖြုတ်အုံးမှာ။ ပြောလိုက်မယ် ဖားကန့်ကို လာမစမ်းနဲ့ ပြေးပေါက်ပိတ်သွားမယ်” ဟု ဖားကန့် PDF ထောက်ပို့ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ဒုရဲအုပ်ညီညီထက်အောင် စီးလာသော ယာဉ်ကို တိုက်ခိုက်နေစဉ် ကျန်ယာဉ်တစ်စီးမှာ မောင်းပြေးသွားကြောင်း၊ ပစ်ခတ်ရှင်းလင်း၍ ရနိုင်သော်လည်း အဆိုပါနေရာတွင် အရပ်သားများ ရှိနေ၍ မပစ်ခတ်ခြင်းဟု ဆိုသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။