Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် စစ်သား ခုနစ်ဦးထွက်ပြေးရာ ငါးဦးပြန်ဖမ်းမိ၊ နှစ်ဦးလွတ်မြောက်

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ဗိုလ်ချုပ်များအတွက် အသက်ပေးခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃သောင်းကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြောကြားထားသည်။

(သိမ်းဆည်းရမိသည့် သေနတ် နှစ်လက်အား တွေ့ရစဥ်။ ဓာတ်ပုံ - MN PDF)
(သိမ်းဆည်းရမိသည့် သေနတ် နှစ်လက်အား တွေ့ရစဥ်။ ဓာတ်ပုံ - MN PDF)

▪️မြစ်ငယ်PDFက လွတ်မြောက်နေသည့် စစ်သားနှစ်ဦး၏ သေနတ်နှစ်လက်သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး​လာစဥ် အဆိုပါစစ်ကြောင်းမှ တပ်ကြပ်အပါအဝင် ခုနစ်ဦး လက်နက်များဖြင့် ထွက်ပြေးရာ ငါးဦးပြန်လည်ဖမ်းဆီးခံရပြီး နှစ်ဦးမှာလွတ်မြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ငါန်းဇွန်မြို့သို့ တောနင်းလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ တပ်ကြပ်အပါအဝင် ခုနစ်ဦး လက်နက်များနှင့် ထွက်ပြေးခြင်းဖြစ်ပြီး လွတ်မြောက်သွားသူ နှစ်ဦး၏ MA3နှစ်လက်ကို သိမ်းယူနိုင်ခဲ့ကြောင်း မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MN PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

” ငါးဦးကသေနတ်နဲ့ပြန်မိ သွားတယ်ဗျ။ နှစ်ဦးက သေနတ်ကိုခြုံထဲဖွတ်ခဲ့ပြီး ထွက်​ပြေးလွတ်မြောက်သွားတယ်။ ကျွန်တော်တို့က အဲဒီစစ်ကြောင်းကို တိုက်ခိုက်ဖို့စောင့်နေချိန်တောနင်းတဲ့အခါ သေနတ်နှစ်လတ်ကိုသိမ်းဆည်းရမိတာ။ တပ်ကနေထွက်ပြီး အလင်းဝင်ဖို့ ထွက်ပြေးလာတာလို့သိရတယ်။”ဟု MN PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် တပ်သား နှစ်ဦး၏ အခြေအနေကိုမူ မသိရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ လက်အောက်၌ ဆက်လက်တာဝန်ထမ်းဆောင်နေသည့် စစ်သားနှင့် ရဲများ ပြည်သူ့ဘက်ကူးပြောင်း ရပ်တည်ရန် အထူးတိုက်တွန်းနှိုးဆော်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ (ဧပြီ ၂ရက်)တွင် ထုတ်ပြန်ထားသည်။ တော်လှန်ရေး အခြေအနေအရပ်ရပ်အရ ပြည်သူ့ရင်ခွင်ခိုလှုံမှု သည် အမြဲတံခါး ဖွင့်ထားမည့် အစီအစဉ် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့ပြီး ပြည်သူ့ဘက်မရပ်တည်သူများကို ရန်သူအဖြစ် သတ်မှတ်ကာ တော်လှန်ရေး အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းခြင်းကို ခံကြရမည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ဗိုလ်ချုပ်များအတွက် အသက်ပေးခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃သောင်းကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြောကြားထားသည်။

ယခုအချိန်ထိ အကြောင်းအမျိုးမျိုးပြပြီး အကြမ်းဖက်စစ်ဗိုလ်ချုပ်များကို အသက်ပေး ကာကွယ်စောင့်ရှောက်နေကြသည့် တပ်မတော်သား၊ ရဲတပ်သားများကိုလည်း ဝန်ကြီးချုပ်က ပြတ်သားသည့် သတင်းစားလည်း ပြောကြားခဲ့သည်။

“အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေကို အကာအကွယ်ပေးရင်း အသေခံမလား တော်လှန်ရေးထဲကို အမြန်ပူးပေါင်းပါဝင်ပြီး ပြည်သူလူထုကို အလုပ်အကျွေးပြုမလားဆိုတဲ့ လမ်းနှစ်သွယ်ထဲက တစ်ခုခုကို ခင်ဗျားတို့ အမြန်ဆုံးရွေးချယ်ပါ။ အခုအချိန်မီပါသေးတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။