Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က အင်းလယ်ကြီးရွာအား နှစ်ရက်ဆက်မီးရှို့၍ နေအိမ် ၂၀၀ခန့်ပြာကျ

အင်းလယ်ကြီးရွာသည် အိမ်ခြေ ၈၀၀ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး ၂၀၂၂ အတွင်းကလည်း တစ်ကြိမ် မီးရှို့ခံရခြင်းကြောင့် နေအိမ် ၁၃၆ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - STR/AFP)
(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - STR/AFP)

▪️စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းလယ်ကြီးကျေးရွာအား စစ်ကောင်စီတပ်က နှစ်ရက် ဆက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၂၀၀ခန့် ပျက်စီးခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်သား နှင့်ပျူစောထီးများသည် ဧပြီ ၃ရက်နှင် ၄ရက်များက အင်းလယ်ကြီးကျေးရွာအား နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် စကားမပြော၊ နားမကြားသည့် စိတ်ကျန်းမာရေးမကောင်းသည့် အသက်(၃၅)နှစ်အရွယ် ကိုဝလီဆိုသူအား ပစ်ခတ်သတ်ဖြတ်ပြီး အလားတူ စိတ်ကျန်းမာရေးသိပ်မကောင်းသည့် အသက်(၆၅)နှစ်အရွယ် ဦးဌေးမောင်ဆိုသူကိုလည်း လက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဧပြီလ ၂ ရက်နေ့တွင် ဉာဏ်အင်းရွာအားမီးရှို့ဖျက်ဆီးပြီးနောက် ညနေ ၅ နာရီတွင် အင်းလယ်ကြီးရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ကိုဝလီက ငယ်ကတည်းက စကားမပြောနားမကြားသလို စိတ်ကျန်းမာရေးမကောင်းဘူး။ ဆွေးရင်းချာတော့ မရှိတော့ဘူး။ ရပ်ရွာကပဲကျွေး‌မွေးစောင့်ရှောက်ထားတာ။ ဦးဌေးမောင်ကလဲ စိတ်ကပုံမှန်မဟုတ်ဘူး။ သားသမီးတွေတော့ အဝေးမှာရှိကြတယ်။ သူလည်းတစ်ယောက်တည်းပဲနေတာ။ စစ်ကြောင်းထိုးလာတော့ နှစ်ယောက်လုံးရှောင်ဖို့ပြေးဖို့ဘယ်လိုမှ ခေါ်မရတာကြောင့်ထားခဲ့ရတာ”ဟု အင်းလယ်ကြီးဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းတွင် အင်းလယ်ကြီးကျေးရွာမှထွက်ခွာသွားပြီး ညောင်ပင်ရွာမမှ ဒေသခံများ၏ နွားများကိုပါ ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

အင်းလယ်ကြီးရွာသည် အိမ်ခြေ ၈၀၀ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး ၂၀၂၂ အတွင်းကလည်း တစ်ကြိမ် မီးရှို့ခံရခြင်းကြောင့် နေအိမ် ၁၃၆ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ယနေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ကန့်ဘလူမြို့နယ် ဇင်းရွာအနောက်ဘက်အား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများအထိအခိုက်မရှိကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းများ မကြာခဏထိုးခံရ၍ ပြည်သူများ စစ်ဘေးရှောင်ရသည့်အပြင် ကန့်ဘလူ(၆၀၀၆) အမြှောက်တပ်ရင်းမှလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။