Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် ဝက်လက်နယ်စပ်ကို စစ်ကောင်စီတပ်က Mi-35ဖြင့် ပစ်ခတ်တိုက်ခိုက်နေ

စစ်ကောင်စီတပ်သည် စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်စပ်သို့ ယခင်ကလည်း စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးပြီး ဒေသတွင်းPDFများနှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi-35နှစ်စီးဖြင့် ပစ်ခတ်ခဲ့၍ ထိခိုက်သူများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီလ ၈ ရက်) နံနက် ၉နာရီဝန်းကျင်က စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်အစပ်ရှိ အုတ်ဖို၊ စဥ့်ကိုင်အစရှိသည့် ကျေးရွာများအား Mi-35 နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး Mi-17 နှစ်စီးဖြင့် လူအင်အားဖြည့်တင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

Mi-35 တစ်စီးသည် မုံရွာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာခြင်းဖြစ်ပြီး Mi-17 နှစ်စီးမှာ ရွှေဘိုလေ့ကျင်ရေး(၈)မှ တပ်သားများ တင်ဆောင်ကာ နှစ်ကြိမ် လူအင်အားဖြည့်တင်းခဲ့ကြောင်း ဒေသတွင်းကင်းထောက်ရဲဘော်များက ပြောသည်။

“ပစ်တာက နှစ်စင်း၊ လူချတာက နှစ်စင်း၊ စစ်ကိုင်းမြို့နယ်ထဲပါမယ်။ အုတ်ဖိုမှာဖြစ်တာ။ တော်တော့ကြာတယ်။ မိနစ်နှစ်ဆယ်လောက်လို့ပြောတယ်။ အခုလောလောဆယ် ကိုယ့်ဘက်ကနှစ်ယောက်ထိထားတယ်။ တစ်ယောက်ကစိုးရိမ်ရတယ်။”ဟု ဝက်လက်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုကျေးရွာတဝိုက်ရှိပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်း – ကျောက်မြောင်း ခရိုင်ချင်းဆက် အမှတ်(၃)လမ်းမကြီးအနီးတဝိုက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ‌၍ ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ယာယီပိတ်ထားကြောင်း၊ လိုက်နာခြင်းမရှိဘဲ သွားလာ၍ တစုံတရာ ဖြစ်ပေါ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း ဒေသတွင်းအဖွဲ့များက သတိပေးသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်စပ်သို့ ယခင်ကလည်း စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးပြီး ဒေသတွင်းPDFများနှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။