Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်တွင် စစ်ကောင်စီတပ်မီးရှို့၍ ကျေးရွာ သုံးရွာမှ နေအိမ် ၈၀ထက်မနည်း ပြာကျ

အာဏာသိမ်းကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ယုန်လှေးကုန်းရွာသစ်နှင့် တရော်တောရွာနေအိမ်များအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ
စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ယုန်လှေးကုန်းရွာသစ်နှင့် တရော်တောရွာနေအိမ်များအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာ သုံးရွာအား အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဧပြီ ၈ ရက်) နံနက် ၆ နာရီခွဲခန့်ကဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းရွာတွင် ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ယုန်လှေးကုန်းရွာသစ်၊တရော်တောရွာနှင့် ကုက္ကိုစုရွာများကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ယုန်လှေးကုန်းရွာသစ်နှင့် တရော်တောရွာနေအိမ်များအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ
စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ယုန်လှေးကုန်းရွာသစ်နှင့် တရော်တောရွာနေအိမ်များအားတွေ့ရစဥ်။ ဓာတ်ပုံ – CJ

“ယုန်လှေးကုန်းရွာက အိမ်ခြေ ၅၀ နီးပါး၊ တရော်တောရွာက အိမ်ခြေ ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ကုက္ကိုစုကတော့ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကျေးရွာများအား မီးရှို့ပြီးနောက် စစ်ကောင်စီတပ်သည် ဘုတလင်နယ်တောင်ဘက်ပိုင်းသို့ဦးတည်ထွက်ခွာသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မီးရှို့ခံရတဲ့ရွာတွေအပါအဝင် ဘေးနားကရွာတွေပါလူဦးရေ ၁၅၀၀ကျော်ခန့် တိမ်းရှောင်နေရပါတယ်။”ဟု ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ​ပြောသည်။

အာဏာသိမ်းကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။