Connect with us

Hi, what are you looking for?

သတင်း

စစ်ဆင်ရေးများဖျက်သိမ်းတော့မည်မဟုတ်၍ စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများ မသွားကြရန် Dark Shadow သတိပေး

Dark Shadow အဖွဲ့အနေဖြင့် သင်္ကြန်ကာလ ပျော်ပွဲ၊ရွှင်ပွဲများတွင် မြန်မာဒီဂျေများပါဝင်ခြင်းမပြုရန် သတိပေးချက်လည်း ထုတ်ပြန်ထားသည်။

(ပြည်သူ့ရင်ပြင်ရှိ စစ်ကောင်စီ၏သင်္ကြန် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(ပြည်သူ့ရင်ပြင်ရှိ စစ်ကောင်စီ၏သင်္ကြန် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်မည့် စစ်ဆင်ရေးများ မည်သည့်အကြောင်းနှင့်မျှ ဖျက်သိမ်းတော့မည်မဟုတ်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းနှင့်သက်ဆိုင်သည့်နေရာများ မသွားကြရန် Dark Shadow YGN UG အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်စီဂျေကပြောကြားသည်။

“ကျွန်တော်တို့ အကြိမ်ကြိမ်သတိပေးပြီးပါပြီ။ မစ်ရှင်ဖျက်သိမ်းတာမျိုး မလုပ်တော့ပါဘူးခင်ဗျာ။ ကျွန်တော်တို့ ပြည်သူ‌တွေ မထိခိုက်အောင် အမြဲဂရုတစိုက်လုပ်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

တော်လှန်ရေး (၂)နှစ်ကျော်ကာလအတွင်း ပြည်သူများ၏သွားလာမှုများကြောင့် ဖျက်သိမ်းခဲ့ရသည့် မစ်ရှင်များစွာရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“အတတ်နိုင်ဆုံး စကစနဲ့‌ပတ်သတ်တဲ့အဆောက်အဦး၊ဌာနဆိုင်ရာ‌တွေ စကစနဲ့ပတ်သတ်တဲ့သူတွေနဲ့ဝေးရာက ရှောင်ရှားသွားလာကြဖို့ကို နောက်ဆုံးအကြိမ်အဖြစ် ကျနော်ထပ်ပြောချင်ပါတယ်” ဟု ရဲဘော်စီဂျေက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၈ရက်က ပြည်သူ့ရင်ပြင်ရှိ စစ်ကောင်စီ၏သင်္ကြန် ဗဟိုမဏ္ဍပ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူများရှိနေသောကြောင့် မစ်ရှင်ပြီး မြောက်အောင်မလုပ်နိုင်ခဲ့ပဲ ၎င်းတို့ကိုယ်တိုင် စစ်ကောင်စီထံ ဖုန်းဆက်သတင်းပေးခဲ့ရကြောင်းနှင့် စစ်ကောင်စီဘက်မှ ယင်း‌ဗုံးကိုမရှာနိုင်သောကြောင့် ဧပြီ ၉ ရက် နေ့လည်ပိုင်းတွင် ၎င်းတို့ကိုယ်တိုင်ဖောက်ခွဲခဲ့ကြောင်း Dark Shadow YGN UG က သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့က စမ်းချောင်းမြို့နယ် ရေကစားမဏ္ဍပ်နှင့် ကင်းပတ်နေသည့် စစ်ကောင်စီကားကို ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကားနောက်ပိုင်း အနည်းငယ်သာထိခိုက်ခဲ့သည်ဟု သိရကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Dark Shadow အဖွဲ့အနေဖြင့် သင်္ကြန်ကာလ ပျော်ပွဲ၊ရွှင်ပွဲများတွင် မြန်မာဒီဂျေများပါဝင်ခြင်းမပြုရန် သတိပေးချက်လည်း ထုတ်ပြန်ထားသည်။

ဧပြီ ၁၀ ရက် ရက်စွဲဖြင့် Dark Shadow အဖွဲ့အမည်ကိုသုံးကာ ဧပြီ ၁၁ ရက်မှစတင်၍ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် တစ်မိုင်ပတ်လည်တွင်နေရန် ထုတ်ပြန်သတိပေးချက် ပြန့်နှံ့နေရာ ယင်းထုတ်ပြန်ချက်သည် အတုဖြစ်ကြောင်း ရဲဘော်စီဂျေက ပြောသည်။

” ဒီထုတ်ပြန်ချက်ဟာအတုပါခင်ဗျာ။ ကျနော်တို့ NUG နဲ့ချိတ်ဆက်ထားခြင်းမရှိသလို ဘယ်အဖွဲ့အစည်းနဲ့မှလည်း ချိတ်ဆက်ထားခြင်းမရှိပါဘူးခင်ဗျာ “ဟု Dark Shadow က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။