Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး ဆက်လုပ်မည်ဟု ကန်၊ ဗြိတိန်၊ ကနေဒါ၊ အီးယူတို့ ထုတ်ပြန်

ဗြိတိန်နှင့် ကနေဒါတို့ကလည်း စစ်ကောင်စီ၏ အထက်ပါလေကြောင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချမှုများပြုလုပ်ခဲ့ပြီး အကြမ််းဖက်မှုများ ရပ်တန့်ရေး၊ အရပ်သားပြည်သူများကို အကာအကွယ််ပေးနိုင််ရေးတို့အတွက် နိိုင်ငံတကာမိတ်ဖက်များနှင့် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪️ကုလအတွင်းရေးမှူးချုပ်ကလည်း ပြင်းထန်စွာရှုတ်ချ

မြန်မာစစ်တပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းထန်စွာရှုတ်ချလိုက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့က စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ရေး လုပ်​ဆောင်မည်ဟု ကြေညာချက်အသီးသီးထုတ်ပြန်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ် ပဇီကြီိးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားသေကြေပျက်စီးမှုအတွက် တာ၀န်ရှိသူများကို အရေးယူနိုင်ရေးလုပ်ဆောင်ရေး၊ ဒဏ်ရာရရှိသူများအတွက် အရေးပေါ် ဆေးဝါးကုသမှုနှင့် အထောက်အပံ့ရရှိရေးခွင့်ပြုပေးရန်တို့ကိို တောင်းဆိုထုတ်ပြန်သည်။

“အထွေထွေအတွင်းရေးမှူးချုပ်ဟာ အကြမ်းဖက်မှုပုံစံမျိုးစုံကို ပြစ်တင်ရှုတ်ချပြီီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနဲ့အညီ အရပ်သားတွေကိို အကာအကွယ်ပေးရန်က အဓိကဖြစ်တယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အမေရိကန်နိိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယမန်နေ့ ပဇီကြီးရွာ လေကြောက်တိုက်ခိုက်ခံရမှုနှင့် ဧပြီ ၁၀ ရက် ချင်းပြည်နယ် လေကြောင်းတိုက်ခိုက်ခံရမှု အကြမ်းဖက်ဖြစ်စဥ်တို့မှာ လူ့အသက်ကို စစ်ကောင်စီိ၏လျစ်လျူရှုမှုနှင့် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလှသော နိိုင်ငံရေး၊ လူသားချင်းစာနာမှုအကျပ်အတည််းအတွက် စစ်ကောင်စီီ၏ တာဝန်ရှိမှုကို ထပ်မံထင်ရှားစေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် ကြောက်မက်စက်ဆုတ်ဖွယ်အကြမ်းဖက်မှုကို ရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီကို အဟန့်အတားမရှိိ ခွင့်ပြုရန်၊ မြန်မာပြည်သူများ၏ စစ်မှန်ပြီး အားလုံးပါဝင််သော ဒီမိိုကရက်တစ်ဆန္ဒများကို လေးစားရန် အမေရိကန်က တောင်းဆိုသည်။ စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကာကွယ်ပေးရေးဥပဒေများအပါအဝင် အပြည်ပြည််ဆိုင်ရာ လူသားချင််းစာနာမှုဆိိုင်ရာ ဥပဒေနှင့််အညီ လိုက်နာရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

ဆက်လက်ပြီး အမေရိကန်က စစ်ကောင်စီကျူးလွန်ခဲ့သော ညှင်းပန်းနှိပ်စက်မှုများ၊ ချိုးဖောက်မှုများအတွက် တာ၀န်ခံမှုရှိစေရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

ဥရောပသမဂ္ဂပြောရေးဆိုခွင့်ရှိသူကလည်း စစ်ကိုင်းတိုင်း၌ စစ်ကောင်စီကျူးလွန်ခဲ့သော နောက်ဆုံးပေါ်ရက်စက်ကြမ်းကြုတ်မှုအစီရင်ခံစာများအပေါ် လွန်စွာတုန်လှုပ်မိကြောင်းနှင့် ယင်းဖြစ်စဥ် တာ၀န်ရှိိသူများကို အပြည့်အဝတာ၀န်ခံမှုရှိိစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောသည်။

ဗြိတိန်နှင့် ကနေဒါတို့ကလည်း စစ်ကောင်စီ၏ အထက်ပါလေကြောင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချမှုများပြုလုပ်ခဲ့ပြီး အကြမ််းဖက်မှုများ ရပ်တန့်ရေး၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးနိုင််ရေးတို့အတွက် နိိုင်ငံတကာမိတ်ဖက်များနှင့် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။