Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးအတင်းအကြပ်ပြန်ပို့သည့်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် ထိုင်းအစိုးရကိုအရပ်ဘက်အဖွဲ့ ၄၆ ဖွဲ့ပူးတွဲတောင်းဆို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို မြန်မာစစ်အာဏာရှင်ထံ လွှဲပြောင်းပေးခြင်းအပေါ် ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

(ထိုင်းလဝက မှဖမ်းဆီးပြီး BGF သို့လွှဲကာ ၊BGF မှတစ်ဆင့်စစ်​ကောင်စီသို့လွှဲ​ပြောင်း​ပေးခံရ​သော ကိုသီဟ၊ ကိုထက်နေဝင်း၊ ကိုစောဖြိုးလေးတို့သုံးဦး ။ဓါတ်ပုံ-Facebook Viral )
(ထိုင်းလဝက မှဖမ်းဆီးပြီး BGF သို့လွှဲကာ ၊BGF မှတစ်ဆင့်စစ်​ကောင်စီသို့လွှဲ​ပြောင်း​ပေးခံရ​သော ကိုသီဟ၊ ကိုထက်နေဝင်း၊ ကိုစောဖြိုးလေးတို့သုံးဦး ။ဓါတ်ပုံ-Facebook Viral )

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ၃ ဦးကို ထိုင်းဘက်ခြမ်းတွင်ဖမ်းဆီးပြီး အတင်းအကြပ်ပို့ဆောင်ခဲ့သည့်ကိစ္စအပေါ် အမြန်ဆုံးစုံစမ်းစစ်ဆေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲဲ့က ပူးတွဲထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို မြန်မာစစ်အာဏာရှင်ထံ လွှဲပြောင်းပေးခြင်းအပေါ် ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဧပြီ ၄ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်ရှိလူဝင်မှုကြီးကြပ်ရေးဌာနက Lion Battaliion ဗျူဟာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော် ၃ ဦးကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ BGF ကိုလွှဲပြောင်းပေးခဲ့သည်။ အဆိုပါ လုပ်ရပ်ကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ရှုတ်ချပြီး ထိုင်းအာဏာပိုင်များကို အချက်၅ ချက်ကို အကြံပြုတောင်းဆိုထားသည်။

မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လျက်ရှိကြသော ပြည်သူ့ကာကွယ်ရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများကို မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်လည်ပို့ဆောင်ခြင်းကို ရှောင်ကြဥ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာရန်၊ ညှင်းပန်းနှိပ်စက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာရပြီီး မူလနိုင်ငံသို့ ပြန်မသွားနိုင်သူများကို ထိုင်းဝန်ကြီးရုံးက စည်းမျဥ်းစည်းကမ်းများထုတ်ပြန်ကာ စိစစ်အကာအကွယ်ပေးရေး လုပ်ငန်းစဥ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ထိုင်းအရပ်ဘက်အဖွဲ့များက တောင်းဆိိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို မြန်မာနိုင်ငံသို့ အတင်းအကြပ် ပြန်လည်ပို့ဆောင်ခြင်းကို အများပြည်သူအား ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး ထိုင်းအစိုးရအနေဖြင့် ယင်းကိစ္စနှင့်စပ်လျဥ်း၍ ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာဥပဒေများကို မချိုးဖောက်ရန် ကတိပြုရမည်ဟု ဖော်ပြသည်။

ထိုင်းနိုင်ငံသည် အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အတင်းအကြပ်ပို့ဆောင်သည့်ကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို အမြန်ဆုံး စုံစမ်းစစ်ဆေးသင့်ပြီး ချိုးဖောက်မှု တစ်စုံတစ်ရာတွေ့ရှိပါက ချိုးဖောက်ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းဖြင့် တရားမျှတမှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

ထိုင်းအစိုးရ၏ အထက်ပါလုပ်ရပ်အ​ပေါ် ထိုင်းပါတီအချို့ကလည်း ​ဝေဖန်ပြစ်တင်ပြီး ​မေးခွန်းထုတ်ထားကြသည်။

ဖမ်းဆီးခံရသူများမှကိုသီဟ၊ ကိုထက်နေဝင်း နှင့်ကိုစောဖြိုးလေးတို့ဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ BGF က​သေနတ်ဖြင့်ပစ်​သောဒဏ်ရာဖြင့်​ကျဆုံးပြီး နှစ်ဦးကို စစ်​ကောင်စီက​မော်လမြိုင်စစ်​ကျော​ရေးစခန်းသို့ဖမ်းဆီးပို့​ဆောင်စစ်​ဆေး​နေ​ကြောင်းသတင်းများကျယ်ပြန့်စွာထွက်​ပေါ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး လူထုတည်ငြိမ်မှုကို အနှောင့်အယှက် ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံသား တစ်ဦးကို အစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကို ထောက်လှမ်းရေး သတင်းတွေ ကြိုရခဲ့ပေမယ့် တုံ့ပြန်ကိုင်တွယ်မှုမှာ လျော့ရဲခဲ့ကြောင်း ထိုင်းအစိုးရက ဝန်ခံခဲ့ပါတယ်။