Connect with us

Hi, what are you looking for?

သတင်း

စစ်သားနှစ်ဦး MNDAA ထံအလင်းဝင်

စစ်ကောင်စီ တပ်ရင်းမှုးများ အရာရှိများသည် ပြည်သူများအပေါ် ငွေကြေးတောင်းခံမှုများ၊ ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု ၎င်းတို့နှစ်ဦးက ​ပြောသည်။

(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)
(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရှေတန်းသို့​စေလွှတ်ခြင်းခံရ​သော စစ်ကောင်စီတပ်သား နှစ်ဦးသည် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ် (MNDAA)ထံသို့ သေနတ်နှစ်လက်နှင့်အတူလက်နက်ချအလင်းဝင်လာသည်။

စစ်​ကောင်စီတပ်၏ စကခ ၁၂ လက်အောက်ခံ ခြေလျင်တပ်ရင်းတစ်ခု စစ်သား နှစ်ဦး သည် လက်နက် ခဲယမ်းများနှင့် အတူလက်နက်ချအလင်းဝင်လာကြောင်းကို MNDAA သတင်းပြန်ကြားရေးဌာန The Kokang က ယနေ့(ဧပြီ ၁၃ရက်)ထုတ်ပြန်ထားသည်။လက်နက်ချ အလင်းဝင်​သောရက်ကိုမူ ​​ထုတ်ပြန်ခြင်းမရှိ​ပေ။

အဆိုပါစစ်သားများပါ​သော တပ်ရင်းသည် လောက်ကိုင်တွင် စစ်ကြောင်းထိုးရမည်ဟု ‌အမိန့်ပေးစေလွှတ်၍ ကိုကန့်ဒေသသို့ ရောက်ရှိလာခြင်းဟု အလင်းဝင်လာ​သောစစ်သားတစ်ဦးက The Kokang သို့ ပြောထားသည်။

(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)
(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)

စစ်ကောင်စီ တပ်ရင်းမှုးများ အရာရှိများသည် ပြည်သူများအပေါ် ငွေကြေးတောင်းခံမှုများ၊ ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု ၎င်းတို့နှစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီတပ်အား MNDAA က မကြာခဏ တိုက်ခိုက်နေပြီး ပြီးခဲ့သည့် မတ်လ ၂၉ရက်ကတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

​​နွေဦး​တော်လှန်​ရေး ကာလတွင် စစ်​ကောင်စီတပ်ကိုစွန့်ခွာ၍ ပြည်သူနှင့် ပူး​ပေါင်းလာ​သော စစ်သားနှင့် ရဲ စုစု​ပေါင်း ၁၃၀၀၀ ​ကျော်ရှိ​ပြီး ဆက်လက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံလက်နက်ချ၍ ပြည်သူရင်ခွင်ခိုလှုံ့လာသူများဆက်တိုက်ရှိ​နေကြောင်းNUG ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။