Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်သားနှစ်ဦး MNDAA ထံအလင်းဝင်

စစ်ကောင်စီ တပ်ရင်းမှုးများ အရာရှိများသည် ပြည်သူများအပေါ် ငွေကြေးတောင်းခံမှုများ၊ ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု ၎င်းတို့နှစ်ဦးက ​ပြောသည်။

(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)
(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရှေတန်းသို့​စေလွှတ်ခြင်းခံရ​သော စစ်ကောင်စီတပ်သား နှစ်ဦးသည် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ် (MNDAA)ထံသို့ သေနတ်နှစ်လက်နှင့်အတူလက်နက်ချအလင်းဝင်လာသည်။

စစ်​ကောင်စီတပ်၏ စကခ ၁၂ လက်အောက်ခံ ခြေလျင်တပ်ရင်းတစ်ခု စစ်သား နှစ်ဦး သည် လက်နက် ခဲယမ်းများနှင့် အတူလက်နက်ချအလင်းဝင်လာကြောင်းကို MNDAA သတင်းပြန်ကြားရေးဌာန The Kokang က ယနေ့(ဧပြီ ၁၃ရက်)ထုတ်ပြန်ထားသည်။လက်နက်ချ အလင်းဝင်​သောရက်ကိုမူ ​​ထုတ်ပြန်ခြင်းမရှိ​ပေ။

အဆိုပါစစ်သားများပါ​သော တပ်ရင်းသည် လောက်ကိုင်တွင် စစ်ကြောင်းထိုးရမည်ဟု ‌အမိန့်ပေးစေလွှတ်၍ ကိုကန့်ဒေသသို့ ရောက်ရှိလာခြင်းဟု အလင်းဝင်လာ​သောစစ်သားတစ်ဦးက The Kokang သို့ ပြောထားသည်။

(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)
(စစ်သား ၂ ဦးက ယူ​ဆောင်လာ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)

စစ်ကောင်စီ တပ်ရင်းမှုးများ အရာရှိများသည် ပြည်သူများအပေါ် ငွေကြေးတောင်းခံမှုများ၊ ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု ၎င်းတို့နှစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီတပ်အား MNDAA က မကြာခဏ တိုက်ခိုက်နေပြီး ပြီးခဲ့သည့် မတ်လ ၂၉ရက်ကတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

​​နွေဦး​တော်လှန်​ရေး ကာလတွင် စစ်​ကောင်စီတပ်ကိုစွန့်ခွာ၍ ပြည်သူနှင့် ပူး​ပေါင်းလာ​သော စစ်သားနှင့် ရဲ စုစု​ပေါင်း ၁၃၀၀၀ ​ကျော်ရှိ​ပြီး ဆက်လက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံလက်နက်ချ၍ ပြည်သူရင်ခွင်ခိုလှုံ့လာသူများဆက်တိုက်ရှိ​နေကြောင်းNUG ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်...

သတင်း

မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

မေးမြန်းခန်း

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။