Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးတွင် လဝကရုံးအနီး တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်

ဧပြီ ၁၁ ရက် ညနေပိုင်းကလည်း တောင်သာမြို့နယ်ရှိ မကျီးရိုး စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ပြီး မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း MDDS အဖွဲ့ တာဝန်ခံက ပြောသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)

▪️မြင်းခြံသို့လာသော စစ်ကောင်စီယာဉ်သုံးစီးလည်း တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)အနီးတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် မြင်းခြံမြို့သို့လာသော စစ်ယာဉ်တန်းသုံးစီးအား ဒရုန်းများ၊ မိုင်း​များဖြင့်တိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း Natogyi People Defence Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၄ ရက်) နံနက် ၈နာရီခန့်က နွားထိုးကြီးမြို့ လဝကရုံးအနီးတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများကို ကားဖြင့် တင်ဆောင်သွားကြောင်း NPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လဝကရုံးနားမှာ တပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိတဲ့ တပ်စခန်းတစ်ခုကို ဝေဟင်ကနေ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ။”ဟု အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်းနှင့် ခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ ညနေ၄နာရီခန့်ကလည်း နွားထိုးကြီးမြို့ဘက်မှ မြင်းခြံမြို့သို့မောင်းနှင်လာသော စစ်ကောင်စီ၏ အိမ်စီးကား သုံးစီးအား ကုန်းသာကျေးရွာအနီးတွင် NPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရသေးကြောင်း NPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီ ၁၁ ရက် ညနေပိုင်းကလည်း တောင်သာမြို့နယ်ရှိ မကျီးရိုး စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ပြီး မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း MDDS အဖွဲ့ တာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။