Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် လဝကရုံးအနီး တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်

ဧပြီ ၁၁ ရက် ညနေပိုင်းကလည်း တောင်သာမြို့နယ်ရှိ မကျီးရိုး စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ပြီး မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း MDDS အဖွဲ့ တာဝန်ခံက ပြောသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ-Myingyan Citizen Journalist)

▪️မြင်းခြံသို့လာသော စစ်ကောင်စီယာဉ်သုံးစီးလည်း တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)အနီးတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် မြင်းခြံမြို့သို့လာသော စစ်ယာဉ်တန်းသုံးစီးအား ဒရုန်းများ၊ မိုင်း​များဖြင့်တိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း Natogyi People Defence Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၄ ရက်) နံနက် ၈နာရီခန့်က နွားထိုးကြီးမြို့ လဝကရုံးအနီးတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများကို ကားဖြင့် တင်ဆောင်သွားကြောင်း NPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လဝကရုံးနားမှာ တပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိတဲ့ တပ်စခန်းတစ်ခုကို ဝေဟင်ကနေ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ။”ဟု အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်းနှင့် ခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ ညနေ၄နာရီခန့်ကလည်း နွားထိုးကြီးမြို့ဘက်မှ မြင်းခြံမြို့သို့မောင်းနှင်လာသော စစ်ကောင်စီ၏ အိမ်စီးကား သုံးစီးအား ကုန်းသာကျေးရွာအနီးတွင် NPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရသေးကြောင်း NPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီ ၁၁ ရက် ညနေပိုင်းကလည်း တောင်သာမြို့နယ်ရှိ မကျီးရိုး စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ပြီး မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း MDDS အဖွဲ့ တာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။