Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ရှိ လျှပ်စစ်ရုံးအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

လက်ပစ်ဗုံးမှာ ဝန်ထမ်းအိမ်ရာအစွန်း၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြတင်းပေါက်မှန် ၂ ချပ်၊ တံခါး ပျက်စီးသွားကြောင်း လျှပ်စစ်ရုံးနှင့် နီးစပ်သူများက ပြောသည်။

(၂၀၂၂ မတ်လ ၂၄ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ မတ်လ ၂၄ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️ခွန်တောင်းကြီးရွာရှိ စစ်ကောင်စီတပ်သားများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ လျှပ်စစ်အင်ဂျင်နီယာဂျာရုံးနှင့် ခွန်တောင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ညနေ ၃နာရီခွဲခန့်က ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လျှပ်စစ်အင်ဂျင်နီယာဂျာရုံးအား PDF ရဲဘော်များက လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ပစ်ဗုံးမှာ ဝန်ထမ်းအိမ်ရာအစွန်း၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြတင်းပေါက်မှန် ၂ ချပ်၊ တံခါး ပျက်စီးသွားကြောင်း လျှပ်စစ်ရုံးနှင့် နီးစပ်သူများက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ဧပြီ ၁၄ ရက် နံနက် ၁၁ နာရီခန့်ကလည်း ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်အား ဒေသတွင်း PDFများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“စိန်ပြောင်းနဲ့လာပစ်တယ် ပြောတယ်။ တစ်နာရီကျော်လောက်ကြာတယ်။ စစ်တပ်ဘက်ကလည်း RPGနဲ့ ပြန်ပစ်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံနှင့် လူထိခိုက်မှုအချို့ရှိကြောင်း ဒေသခံများက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကဆောင်ရွက်ခဲ့သည်ကို မသိရသေးပေ။

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်အများစုတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ဒေသတွင်း PDFများကြား မကြာခဏထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေ၍ စစ်ကောင်စီတပ်က ဟန်ပြသင်္ကြန်ကိုပင် ပြုလုပ်နိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လျှပ်စစ်ရုံးသည် ၂၀၂၂ မတ်လ ၂၄ရက်ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်ထမ်းတစ်ဦးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။