Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ ကညနရုံးရှိ စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်

ထို့အပြင် ဧပြီ ၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း မုံရွာမြို့၊ မြို့ပတ်လမ်းတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားထိခိုက်မှုရှိကြောင်း မုံရွာ နတ်ဆိုးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောကြားသည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများ။ ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - Cj)
(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများ။ ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - Cj)

▪︎​မုံရွာမြို့တွင်လည်း ကင်းလှည့်စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှိ စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မုံရွာမြို့တွင်လည်း ကင်းပတ်နေသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့(မတ်လ ၃ ရက်)မွန်းလွဲ ၂နာရီကျော်က ရွှေဘိုမြို့ ကညနရုံး၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်များအား ရွှေဘိုခရိုင်အမှတ် (၂၃)တပ်ရင်း (တပ်ခွဲ၁) Naungyoe Armyနှင့် ရွှေဘိုကျားကြီးအဖွဲ့တို့က လက်ပစ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်းအမှတ်(၂၃) တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောကြားသည်။

စစ်အုပ်စုက ပြန်လည်ပစ်ခတ်သော်လည်း အထိအခိုက်မရှိဆုတ်ခွာခဲ့ပြီး မြို့ရှောင်လမ်းတွင် စစ်ကောင်စီကင်းပုန်းများကိုလည်း လက်ပစ်မိုင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကညနရုံးထဲက မျက်မြင်ပြည်သူပြောတာကတော့ တစ်ကောင်သေတယ်။ ကညနရုံးထဲမှာ သုံးလေးလုံးလောက်ပစ်သွင်းဖို့ရာ သူတို့ဘက်က မမျှော်လင့်ဘဲ ပြန်ပစ်တဲ့အတွက် ဒုတိယအစီအစဥ်ဖြစ်တဲ့ မြို့ရှောင်လမ်းမှာ သူတို့ကင်းပုန်းချထားတဲ့နေရာကို ကြိုတင်သိလို့ သွားရင်းလက်ပစ်နဲ့ပစ်ခဲ့တာပါ။”ဟု ဗိုလ်ရန်ကြီးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ဧပြီ ၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း မုံရွာမြို့၊ မြို့ပတ်လမ်းတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားထိခိုက်မှုရှိကြောင်း မုံရွာ နတ်ဆိုးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောကြားသည်။

“ကင်းပတ်နေတဲ့ကားကို မိုင်းဆွဲတာပါ။အင်အား၅ယောက်လောက်ပါတယ်။ သေမသေတော့အတိကျမသိရ​သေးဘူး။”ဟု ဗိုလ်နတ်ဆိုးက ပြောသည်။

ထိုနေ့ နံနက်ပိုင်းကပင် မုံရွာနတ်ဆိုးအဖွဲ့သည် မုံရွာတောင်ရပ်ကွက်ရှိ မြဝတီဘဏ်နှင့်စီးပွား‌ရေးဘဏ်ရှေ့၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးခဲ့ပြီး PDFအဖွဲ့၏ ယာဥ်တစ်စီး ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။