Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် စစ်တပ်ဗုံးကြဲမှု ပြည်သူ ၁ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မေ၂၃၊၂၀၂၆၊ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မေလ၂၂ ရက် ဒီနေ့ မနက် ၁၁နာရီ မိနစ် ၄၀က စတင်ကာ ချီပါရွာအနီးကို စစ်တပ်က Gyrocopter ၂စီး၊ အသေခံဒရုန်း ၃စီး နဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ အမျိုးသား၂ဦး၊ အမျိုးသမီး ၆ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်(၈၀)အရွယ် အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ လေပေါ်ပျံလို့ ရသမျှအကုန်လုံးပျံပြီး ဗုံးကြဲနေသလိုပါပဲ။လေယာဉ် တွေလည်းဆက်တိုက်ဝဲနေတာ။တနေ့လုံးပဲ။ဒီမှာ တ်ိုက်ပွဲတော့ မရှိပါဘူး။ခဏခဏ လေယာဉ်တက်လာ တော့ပြည်သူ တွေလည်း ဗုံးကျင်းထဲမဝင်ကြတော့တာလေ။ပြီးတော့ ဒရုန်း တွေက ဆက်တိုက်ကိုချသွားတာ”လို့ ဒေသခံတစ်ဦး ကပြောပါတယ်။

အသေခံဒရုန်းတစ်စီးက မပေါက်ကွဲကျန်ခဲ့တာမို့ အထိခိုက်အနည်းငယ် သက်သာခဲ့တာလို့ ဒေသခံကဆက် ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ င်္သကြန်ကာလမှာ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပျူစောထီးကျေးရွာ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကျေးရွာတွေကို ဆက်တိုက်လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေပြီး သံဃာတော်နဲ့ကိုယ်ဝန်သည် မိခင်တွေအပါအဝင် ပြည်သူ ၅ဦး ထပ်မနည်း သေဆုံးခဲ့ပါတယ်။

ဧပြီ ၂၁ရက် မနေ့ညကလည်း ခင်ဦးမြို့နယ် ၊ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ကာ ဒရုန်းတွေနဲ့ပါ ဗုံးကြဲခဲ့တာမို့ အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။