Connect with us

Hi, what are you looking for?

သတင်း

ကော့သောင်း မှာ ပစ်ခတ်မှုဖြစ်လို့ ဒေသခံတွေ ထိုင်းဘက်တိမ်းရှောင်

မနေ့ဧပြီ ၁၆ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်က ကော့သောင်းခရိုင် ၊ခမောက်ကြီးမြို့နယ်ခွဲ ထဲမှာ ရှိတဲ့ ဆိတ်ဖူးရွာမှာ ပစ်ခတ်မှုဖြစ်တာပါ။

ဓာတ်ပုံ − ထိုင်းမီဒီယာ
ဓာတ်ပုံ − ထိုင်းမီဒီယာ

မြန်မာပြည် တောင်ဘက်စွန်း ကောင့်သောင်းမြို့နယ်ထဲက ဆိတ်ဖူးရွာမှာ PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တို့ကြား မနေ့ သင်္ကြန်အတက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်လို့ ဒေသခံ ၄၀၀ နီးပါး တိမ်းရှောင်လာကြတယ်လို့ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

မြန်မာဘက်ကဒေသခံတွေဟာ မြစ်ကို လှေနဲ့ကူးပြီး တဖက်ကမ်း ထိုင်းနိုင်ငံ ၊ရနောင်းမြို့ ၊ကရဘူလီဒေသမှာ သွားရောက်ခိုလှုံကြရတာလို့သိရပါတယ်။

ပစ်ခတ်မှုတွေကြောင့် တိမ်းရှောင်လာကြပုံတွေကို ထိုင်းမီဒီယာတွေက ဖော်ပြတာတွေ့ရပါတယ်။

မနေ့ဧပြီ ၁၆ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်က ကော့သောင်းခရိုင် ၊ခမောက်ကြီးမြို့နယ်ခွဲ ထဲမှာ ရှိတဲ့ ဆိတ်ဖူးရွာမှာ ပစ်ခတ်မှုဖြစ်တာပါ။

Public Service Announcement

Public Service Announcement

ဆိတ်ဖူးရွာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သွားရောက် ပစ်ခတ်တာလို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က အတည်ပြုထားပါတယ်။

အဲဒီပစ်ခတ်မှုမှာ AK 47 သေနတ် ၂ လက် ၊ပစ္စတို ၁ လက် သိမ်းဆည်းရမိတယ်လို့လည်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။