Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီး

ယမန်နေ့ (ဧပြီ၂၆ ရက်)တွင် ကံကြီးကုန်းကျေးရွာရှိ နေအိမ် တစ်လုံးနှင့် ကွမ်းခြံတစ်ခုအား မီးရှို့ဖျက်ဆီးပြီး ညနေ ၅နာရီခန့်တွင် မြို့သစ်ကျေးရွာရှိ နေအိမ်များကိုလည်း ဆက်လက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(ယမန်နေ့ညနေပိုင်းက ခင်ဦးနယ်အနောက်တောင်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ယမန်နေ့ညနေပိုင်းက ခင်ဦးနယ်အနောက်တောင်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️ကာကွယ်ရေးရဲဘော်တစ်ဦး မိုင်းဆင်ရင်း မတော်တဆဖြစ် ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာ သုံးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၂၅ ရက်က စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ကျော်ဖြင့် ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် ညနေပိုင်းတွင် တပင်ကောင်း(တောင်)ရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၂၅လုံး ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယမန်နေ့ (ဧပြီ၂၆ ရက်)တွင် ကံကြီးကုန်းကျေးရွာရှိ နေအိမ် တစ်လုံးနှင့် ကွမ်းခြံတစ်ခုအား မီးရှို့ဖျက်ဆီးပြီး ညနေ ၅နာရီခန့်တွင် မြို့သစ်ကျေးရွာရှိ နေအိမ်များကိုလည်း ဆက်လက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့မနက်လည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်။ မြို့သစ်ကျေးရွာမှာ ညအိပ်ပြီး ဒီမနက်မီးထပ်ရှို့နေတယ်။”ဟု Khin U Special Force Organization-KSO အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကြောင်းအား တိုက်ခိုက်ရန် ကံကြီးကုန်းကျေးရွာဘက်ထွက်လာချိန် မိုင်းဆင်သော ရဲဘော်တစ်ဦးလည်း မိုင်းမတော်တဆဖြစ်၍ ကျရှုံးခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ရဲ​ဘော်က မိုင်းဆင်ရင်းကွဲတာ။ ရပ်ရွာကာကွယ်ရေးရဲဘော်တစ်ယောက်ပါ။ အသက် ၂၃ နှစ်လောက်ပဲရှိပါသေးတယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းကြောင့် သာဂရ၊မြို့သစ်၊ကံကြီးကုန်းနှင့် ရွှေယမင်း စသည့်ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံများက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းချိန်မှ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်အထိကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။