Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ပစ်သတ်ခံရ

မန္တလေး − ပြင်ဦးလွင် ကားလမ်းဘေးမှာရှိတဲ့ လက်ကောင်းရွာက နေအိမ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့သားကို လူ ၄ဦး မနေ့ညပိုင်း ကလာပစ်သွားတာပါ။

မန္တလေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ပစ်သတ်ခံရ
မန္တလေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ပစ်သတ်ခံရ

မန္တလေး ၊ ပုသိမ်ကြီးမြို့နယ် ၊လက်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ အသက် ၄၀ ဝန်းကျင် အမျိုးသားဟာ မနေ့ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး နန်းတွင်းစစ်ဆေးရုံမှာ သေဆုံးသွားတယ်လို့ စုံစမ်းသိရပါတယ်။

မန္တလေး − ပြင်ဦးလွင် ကားလမ်းဘေးမှာရှိတဲ့ လက်ကောင်းရွာက နေအိမ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့သားကို လူ ၄ဦး မနေ့ညပိုင်း ကလာပစ်သွားတာပါ။

ဒီပစ်ခတ်မှုကို မန္တလေးမှာ အောင်စည်တော်စစ်ဆင်ရေး အမည်နဲ့ လှုပ်ရှားနေတဲ့ AST- MDY အဖွဲ့က လုပ်ဆောင်တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

Public Service Announcement
Public Service Announcement

ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့သား ဖြစ်သူ ကိုဆန်းယုမောင်ဟာ ဖခင်အရှိန်အဝါနဲ့လူထုအပေါ် ရမ်းကားလို့ ပစ်ခတ်ရှင်းလင်းရတာလို့ AST- MDY အဖွဲ့ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုရဲ့ တယ်လီဂရမ်တွေမှာ ဖခင် ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုမတွေ့လို့သားကို PDF တွေက ပစ်သတ်သွားတာလို့သတင်းဖြန့်နေကြတာတွေ့ရပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး သားကို မန္တလေးနန်းတွင်းစစ်ဆေးရုံပို့ဆောင်ခဲ့ပြီး ဆေးရုံမှာပဲ သေဆုံးသွားတာပါ။

ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း ၈ဦးထက်မနည်း ပစ်ခတ်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။