Connect with us

Hi, what are you looking for?

သတင်း

နိုင်ကျဉ်းတွေ လွှတ်ပေးတာအားတက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့ ကုလတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ဖို့ ထပ်လောင်း တောင်းဆိုတာကို မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ်ကိုယ်စား သူရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောလိုက်တာပါ။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလာတဲ့အပေါ် အားတက်မိပေမယ့် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းထားသူတွေအားလုံးကို ချက်ချင်းလွှတ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ဖို့ ထပ်လောင်း တောင်းဆိုတာကို မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ်ကိုယ်စား သူရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောလိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ ကုလအထူးကိုယ်စားလှယ်နိုလင်းဟေဇာ တရုတ်ကို သွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုရဲ့အကျိုးဆက်လားဆိုတဲ့ မေးခွန်းကို တော့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က မသိရှိကြောင်း ဖြေပါတယ်။

မနေ့က ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ စစ်ကောင်စီဟာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးလိုက်တာပါ။

Public Service Announcement

Public Service Announcement

ဒီလိုလွှတ်ပေးတာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနေပြည်တော်ကိုလာရောက်ခဲ့တဲ့ ခရီးစဉ်အပြီးနဲ့လည်း တိုက်ဆိုင်တာတွေ့ရပါတယ်။

စစ်ကောင်စီက နိုင်ကျဉ်း ၂ ထောင်ကျော်ကို လွှတ်ပေးတယ်ဆိုပေမယ့် မနေ့ညနေ ၅ နာရီအထိ ၁၂၇၇ ဦးကို ပဲအရေအတွက်အတည်ပြုနိုင်သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကဆိုထားပါတယ်။

ဓာတ်ပုံ − UN

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။