Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးကြရန် အောင်လအန်ဆန် တိုက်တွန်း

အောင်လအန်ဆန်သည် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင်လည်း ဂျပန်ဖိုက်တာ အိုကာမီကို အလဲထိုး အနိုင်ရရှိခဲ့သည်။

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးကြရန် အောင်လအန်ဆန် တိုက်တွန်း
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးကြရန် အောင်လအန်ဆန် တိုက်တွန်း

မြန်မာ MMAဖိုက်တာ အောင်လအန်ဆန်သည် ယနေ့ (ဇန်နဝါရီ ၁၄) နံနက်ပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်သည့် ပွဲစဉ်၌ ဘရာဇီးဖိုက်တာ ဂယ်ဗာအိုကို အနိုင်ရအပြီးတွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

” ဒီအရင် နှစ်နှစ်က ကျွန်တော်တို့အတွက် အရမ်းခက်ခဲတယ်။ ကျွန်တော်လည်း စိတ်ဓာတ်ကျမိတယ်။ ဒါပေမယ့်အားလုံးစိတ်ကို တင်းထားကြပါ။ ငြိမ်းချမ်းရေးက ကျွန်တော်တို့အားလုံးအတွက် အရေးကြီးဆုံးပဲ။ ကျွန်တော့်တစ်သက်တာမှာ ငြိမ်းချမ်းရေးအတွက် ဘုရားက လုပ်ဆောင်ပေးတယ်။ အားလုံးဆက်ပြီးတော့ ဆုတောင်းပါ။ ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ် “ဟု အောင်လအန်ဆန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ယနေ့နံနက် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် One Championship MMA (Catch Weight) စိန်ခေါ်ပွဲတွင် ဘရာဇီးဖိုက်တာ ဂယ်ဗာအိုနှင့် ထိုးသတ်ခဲ့ပြီး ပွဲအစ ၁ မိနစ်ကျော်အတွင်း ၎င်း၏ ဘယ်၊ ညာ လက်သီးချက်များဖြင့် ဂယ်ဗာအိုကို အလဲထိုးအနိုင်ရခဲ့ခြင်း ဖြစ်သည်။

အောင်လအန်ဆန်သည် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင်လည်း ဂျပန်ဖိုက်တာ အိုကာမီကို အလဲထိုး အနိုင်ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

အောင်လအန်ဆန်သည် One Championship MMA ပြိုင်ပွဲတလျောက် ၄၂ ပွဲ ထိုးသတ်ခဲ့ပြီး ၂၉ ပွဲနိုင် ၁၃ ပွဲ ရှုံးနိမ့်ထားသည်။ ​​အောင်လအန်ဆန်သည် One Champion ပြိုင်ပွဲတွင် Middleweight နှင့်Light Heavyweight တန်းတို့၏ ချန်ပီယံ​ဟောင်းဖြစ်ပြီး ချန်ပီယံ​ခါးပတ်ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစား​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အိမ်နီးချင်း မြန်မာနိုင်ငံထဲက ရွှေတူးဖော်မှုတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် ညစ်နွမ်းမှုတွေ ကြီးကြီးမားမား ကြုံတွေ့စေတယ်လို့ ဆိုပါတယ်။

သတင်း

အမေရိကန် အစိုးရဟာ နိုင်ငံပေါင်း ၄၁ ခုရဲ့ နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ကြီးမားတဲ့ အကျပ်အတည်းတွေကြား ရုန်းကန်နေရတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေ၊ သူတို့ကို လက်ခံ ကူညီထားသူတွေအတွက် လူသားချင်း စာနာမှု ရန်ပုံငွေ ယူရို ၇၆ သန်း ခွဲတမ်းသတ်မှတ် ထောက်ပံ့သွားမယ်လို့ ဥရောပ ကော်မရှင်က ကြေညာခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ဒေသတွင်းမှာ ကျားဖြန့်လို့ ခေါ်ဝေါ်လေ့ရှိတဲ့ အွန်လိုင်း ငွေကြေး လိမ်လည်တဲ့ ဂိုဏ်းတွေဟာ အရှေ့တောင်အာရှ ဒေသတွင်းက ထိုင်းနဲ့ မြန်မာနိုင်ငံကြား နယ်စပ်မှာ အခြေစိုက် လည်ပတ်နေခဲ့တာ နှစ်တွေ အတော်ကြီး ကြာမြင့်ခဲ့ပြီးပါပြီ။