▪︎မိုချာမုန်တိုင်းသည် ဘင်္ဂလားဒေရှ်နှင့် မြန်မားနိုင်ငံနယ်စပ်မှဖြတ်သန်းမည်ဟု အိန္ဒိယမိုးဇလ ခန့်မှန်း
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ယနေ့နံနက်မှစ၍ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကထုတ်ပြန်သည်။
ယနေ့ (မေ ၈ )နံနက် ၇ နာရီခွဲ အချိန်မှစ၍ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာသည်ကိုတွေ့ရှိရကြောင်းမေ ၉ ရက်တွင်ပိုမိုအားကောင်းလာပြီမည်ဟု အိန္ဒိယမိုးဇလကခန့်မှန်းသည်။လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရွေ့လျားပြီး ပိုမိုအားကောင်းလာကာမေ ၁၀ ရက်တွင် မုန်တိုင်းအဖြစ်သို့ကူးပြောင်းနိုင်ကြောင်းလည်းတွက်ချက်ခန့်မှန်းထားသည်။
မုန်းတိုင်းဖြစ်လာပြီးနောက်ကနဦး မြောက် ၊အနောက်မြောက်အရပ်သို့ရွေ့လျားမည်ဖြစ်သော်လည်း မုန်တိုင်းလမ်းကြောင်းသည် ဘင်္ဂလားလားဒေရှ်နှင့် မြန်မာကြားသို့ဦးတည်နိုင်ကြောင်း အိန္ဒိယမိုးဇလကခန့်မှန်းထားသည်။သို့သော် မုန်တိုင်းခန့်မှန်းချက်များသည် အချိန်နှင့်အမျှ အပြောင်းအလဲဖြစ်နိုင်သည်။

အဆိုပါမုန်တိုင်းအမည်ကို Mocha ဟူသောအမည်တပ်မုန်တိုင်းဖြစ်လာမည်ဖြစ်သည်။ အဆိုပါ အမည်ကို ယီမင်နိုင်ငံက အဆိုပြုပြီး ပင်လယ်နီ ကမ်းခြေမြို့တွင် လွန်ခဲ့သောနှစ် ၅၀၀ မှစ၍ ကမ္ဘာ့ကိုမိတ်ဆက်ခဲ့သော မိုချာ/မိုခါ(Mocha/Mokha)ကော်ဖီအမည်ပေးရန် ယီမင်နိုင်ငံကအဆိုပြုခြင်းဖြစ်သည်။
မေ ၉ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ဝိုက်လေတိုက်နှုန်းခန့်မှန်းချက်များမှာတစ်နာရီလျှင် ၅၀-၆၀ ကီလိုမီတာ(မိုင် ၃၀ မှ ၃၇ မိုင်)မှ ၇၀ ကီလိုမီတာ(၄၃ မိုင်ကျော်ရှိနိုင်ကြောင်းအိန္ဒိယမိုးဇလမှ တာဝန်ရှိသူကပြောသည်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)ကလည်းမေ ၁၁ ရက်မှစတင်၍ မြန်မာ့ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်း၏ သက်ရောက်မှု ကြုံတွေ့ရနိုင်သောကြောင့် ကမ်းရိုးတန်းဒေသများ၌ ကြိုတင်ကာကွယ်ရေးများ လုပ်ဆောင်ထားရန်သတိပေးထားသည်။
NUG က မုန်တိုင်းကိုခန့်မှန်းသတိ့ပေးရာတွင် ဥရောပရက်လတ် မိုးလေဝသခန့်မှန်းရေးဗဟိုဌာန(ECMWF)နှင့် အာရှဒေသဆိုင်ရာမိုးလေဝသခန့်မှန်းရေးဗဟိုဌာန တို့၏ ခန့်မှန်းချက်များအားကိုးကား၍ သတိပေးနေခြင်းဖြစ်သည်။အဆိုပါ ဌာန နှစ်ခု ခန့်မှန်းချက်မှာ မုန်တိုင်းဦးတည်ရာတွင်တစ်ခုနှင့်တစ်ခုကွာခြားနေသည်။

ဥရောပရက်လတ် မိုးလေဝသခန့်မှန်းရေးဗဟိုဌာန(ECMWF)က မုန်တိုင်းလမ်းကြောင်းတွက်ချက်ခန့်မှန်းရာတွင် အိန္ဒိယမိုးဇလနှင့် တူပြီးမေ ၁၅ ရက်တွင် ဘင်္ဂလားဒေရှ်နှင့် မြန်မာကြားကတိုက်ခတ်မည်ဟုခန့်မှန်းထားသည်။သို့သော် အာရှဒေသဆိုင်ရာမိုးလေဝသခန့်မှန်းရေးဗဟိုဌာန ကမူ မုန်တိုင်းသည် မေ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်မည်ဟုခန့်မှန်းထားသည်။
အထက်ပါ ခန့်မှန်းချက်များမှာ သင်္ချာပုံစံများပေါ် အခြေခံထားသော်လည်း အခြားသောအမျိုးသားမုန်တိုင်းခန့်မှန်းရေးဗဟို ဌာနများ၏ထုတ်ပြန်ချက်များကိုလည်း အဆက်မပြတ်ဆန်းစစ်လေ့လာ၍ သတင်းထုတ်ပြန်ခြင်းဟုNUG ၏MOHADMကအသိပေးထားသည်။ မုန်တိုင်းခန့်မှန်းလမ်းကြောင်းနှင့် ဘေးအန္တရာယ်ကျရောက်မည့်ဒေသနှင့် ဘေးပြင်းထန်နိုင်မှု အပြောင်းအလည်းများလည်း ရှိနိုင်ပြီး ပြောင်းလဲမှုရှိလာပါကထပ်မံထုတ်ပြန်မည်ဟုဆိုသည်။
အချိန်ပိုင်းအလိုက်ထုတ်ပြန်ပေးနေသည့်မိုးလေဝသခန့်မှန်းချက်များကို ဂရုပြုနားထောင်ပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လည်းတိုက်တွန်းထားသည်။
လတ်တလောတွင် မိုချာမုန်တိုင်းနှင့်ပတ်သပ်၍ လေတိုက်နှုန်းအလွန်ပြင်းထန်မည်ဆိုသောကောလဟလများပြန့်နှံ့နေသည်။နိုင်ငံတကာမိုးလေဝသခန့်မှန်းရေးဌာနများကမူ လေတိုက်နှုန်းအလွန်ပြင်းထန်မည်ဟု မပြောကြပေ။
