Connect with us

Hi, what are you looking for?

သတင်း

ဘော်လခဲတွင် မြို့တွင်းတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ ဝန်ထမ်းများထွက်ပြေး

ယခုလ ၆ ရက်ကလည်း ဘောလခဲ-ဖရူဆို ကြားရှိ ပွန်ချောင်းတံတားအနီးရှိစစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုရယူ၍ တိုက်ခိုက်နိုင်ခဲ့ကြောင်း ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

(မေလ ၁ ရက်က ဘောလခဲမြို့တွင်းတိုက်ပွဲအတွင်းတွေ့ရသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - BPDF)
(မေလ ၁ ရက်က ဘောလခဲမြို့တွင်းတိုက်ပွဲအတွင်းတွေ့ရသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - BPDF)

▪️အရာရှိများမှာ အခကြေးပေးပြီးရဟတ်ယာဉ်ဖြင့် ထွက်ခွာ

ဘော်လခဲမြို့တွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ဝန်ထမ်းနှင့် အသိုင်းအဝိုင်းများထွက်ပြေးကာ အရာရှိများမှာ အခကြေးငွေပေး၍ ရဟတ်ယာဥ်ဖြင့် ထွက်ခွာအသုံးပြုခွင့်ရရှိကြောင်း အဆိုပါမြို့ခံသတင်း ရင်းမြစ်များက ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာလေးခုကို ယခုလ ၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း တိုက်ခိုက်ခဲ့ပြီး လက်နက်များအပါအဝင် စစ်ကောင်စီတပ်သား ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

“စကစ ဝန်ထမ်းတစ်ဝက်ကျော်က ဘောလခဲက နေထွက် နေကြပြီ။ တချို့ဆို တစ်ယောက်နှစ်သိန်း ခွဲလောက်ပေးပြီး စစ်ရဟတ်ယာဥ်နဲ့ လွိုင်ကော် ကိုသွားကြတာ”ဟု ဘောလခဲမြို့ခံတစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်မှာ ထွက်ပြေးသည့် ဝန်ထမ်းများ၏ အချက်အလက်ကို သိမ်းဆည်းခြင်းနှင့် ဖုန်းများ စစ်ဆေးမှုလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သူတို့(စကစ)ကို အလုံးအရင်းနဲ့ ဝင်တိုက်ရင် ဘောလခဲ မြို့ကကျမှာဆိုတာ Nonတွေ တိုင်းသိတယ်။ ဒါပေမယ့် မြို့တွင်းတိုက်ပွဲကို ကာကွယ်ရေးတပ်တွေ ရှောင်နေသေးတယ်ဆိုတာ လူထု ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်နေတာ။အချိန်တန်ရင် လာမယ်ဆိုတာ စကစလည်း သိတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘောလခဲနှင့်ဖားဆောင်းမြို့နယ်များအား လွိုင်ကော်မြို့နယ်မှ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းရာတွင် အရေးပါသော လွိုင်ကော်-ဒီးမော့ဆိုမြို့-ဘောလခဲလမ်းပိုင်းအား ထိန်းချုပ်နိုင်ရန် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်တို့မှ စစ်မျက်နှာစာ နှစ်ဖက်ညပ်ပြီး စစ်ကြောင်းထိုးလျက်ရှိသည်။

ထိုစစ်ကြောင်းများသည် ကရင်နီတပ်ပေါင်းစု၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းလိုက် သေဆုံးမှုများ ရှိနေသည်။

ယခုလ ၆ ရက်ကလည်း ဘောလခဲ-ဖရူဆို ကြားရှိ ပွန်ချောင်းတံတားအနီးရှိစစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုရယူ၍ တိုက်ခိုက်နိုင်ခဲ့ကြောင်း ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်