●မြန်မာနိုင်ငံ ကျောက်ဖြူမြို့ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတို့ကြားမှ တစ်နာရီလေတိုက်နှုန်း ၈၇- ၉၃ မိုင် (ကီလိုမီတာ ၁၄၀ မှ ၁၅၀)မှအမြင့်ဆုံး ၁၀၂ မိုင် (၁၆၅ ကီလိုမီတာ)အထိတိုက်ခတ်နိုင်
မိုချာ(မိုခါ)ဆိုင်ကလုန်းမုန်တိုင်းအားအကောင်းဆုံးအချိန်သည် မေ ၁၃ ရက်တွင်ဖြစ်ပြီး မေ ၁၄ ရက် နံနက်ပိုင်းမြန်မာနှင့် ဘဂ်လားဒေရှ်နိုင်ငံကြားမှ ကုန်တွင်းပိုင်းဖြတ်သန်းချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် အနည်းဆုံးမိုင် ၈၀ ကျော်မှ အများဆုံး မိုင် ၁၀၀ကျော်ဖြင့်တိုက်ခိုက်နိုင်ကြောင်း အိန္ဒိယမိုးဇလကယနေ့ထုတ်ပြန်သည်။
အိန္ဒိယမိုးဇလက မေ ၁၀ ရက်ကခန့်မှန်းချက်တွင် မိုချာဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလေတိုက်နှုန်း၆၈-၇၄မိုင်ကျော်( ၁၁၀-၁၂၀ ကီလိုမီတာ)မှ အများဆုံး ၈၀ မိုင်(ကီလိုမီတာ ၁၃၀)နှုန်းဖြင့်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုကနဦး ခန့်မှန်းထားရာမှ မေ ၁၁ ရက်ခန့်မှန်းချက်တွင်ကီလိုမီတာ ၁၄၀ မှ ၁၅၀ (၈၇- ၉၃ မိုင်)မှ ၁၆၅ ကီလိုမီတာ(၁၀၂ မိုင်)အထိ တိုက်ခတ်နိုင်ကြောင်းခန့်မှန်းချက်ပြောင်းသွားသည် ။ထိုကြောင့်ကမ်းခြေသို့ဖြတ်ကျော်တိုက်ခတ်ချိန်လေတိုက်နှုန်းပိုများလာခြင်းဖြစ်သည်။

ယခုအခါမုန်တိုင်းသည်ဘဂ်လားပင်လယ်အော်အရှေ့တောင်ပိုင်းမှမြောက်၊ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၅ မိုင်နှုန်းခန့်ဖြစ်ရွေ့လျားနေသည်။လက်ရှိမုန်တိုင်းတည်နေရာသည် စစ်တွေမြို့ ၏ တောင်၊အနောက်တောင်ဘက်ဘက် မိုင် (၆၂၀ ) ဝန်းကျင်အကွာပင်လယ်ပြင်တွင်ရှိနေသည်။
မုန်တိုင်းသည်မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ (မေလ ၁၁ ရက်)ညအချိန်ခန့်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုအားကောင်းလာမည်ဖြစ်သည်။ ထိုနောက် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်မနက်ဖြန် (မေလ ၁၂ ရက်) နံနက်မှ စ၍ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး ပိုမိုအားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မေလ ၁၂ ရက်ညနေပိုင်းတွင် ရောက်ရှိလာမည်ဟုသိရသည်။

Public Service Announcement
မုန်တိုင်း၏ အားအကောင်းဆုံးအချိန်မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းခန့်တွင်ရောက်ရှိမည်ဟု အိန္ဒိယမိုးဇလကတွက်ချက်ထားသည်။
ထိုနောက် မေ ၁၄ ရက် (တနဂါ်နွေနေ့) နံနက်တွင် မုန်တိုင်မှာဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းနှင့် မြန်မာကမ်းရိုးတန်းများကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟုခန့်မှန်းထားသည်။
မြန်မာနိုင်ငံ ကျောက်ဖြူမြို့ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတို့ကြားမှ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ မှ ၁၅၀ (၈၇- ၉၃ မိုင်)မှ ၁၆၅ ကီလိုမီတာ(၁၀၂ မိုင်)အထိ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။
အထက်ပါခန့်မှန်းချက်မှာ အိန္ဒိယမိုးဇလက မေ ၁၁ ရက် နံနက်ပိုင်းတိုင်ထွာချက်များအရ ခန့်မှန်းချက်များဖြစ်ပြီးအချိန်နှင့်အမျှအပြောင်းအလဲရှိနိုင်ပါသည်။
အဆိုပါလေတိုက်နှုန်းနှင့်တိုက်ခတ်ခဲ့ပါက ၂၀၀၈ မေလ ၂ ရက်ကတိုက်ခတ်ခဲ့သောနာဂစ်မုန်တိုင်းထက် အင်အားများစွာလျော့ပြီး နာဂစ်မုန်တိုင်းသည် လေတိုက်နှုန်းအမြင့်ဆုံးအချိန်တွင် ၁ နာရီလျှင် မိုင် ၁၃၀ ကျော် (၂၁၅ ကီလိုမီတာကျော်) နှုန်းဖြင့်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၂၀၁၀ အောက်တိုဘာ ၂၂ ရက်ကတိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းထက်လည်းအားနည်းပြီး ဂီရိမုန်တိုင်းမှာ တစ်နာရီလေတိုက်နှုန်း အမြင့်ဆုံအချိန်တွင် မိုင် ၁၂၀( ၁၉၅ ကီလိုမီတာ )နှုန်းရှိခဲ့သည်။
မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်း ၊တနသာ်ရီကန်းရိုးတန်း ၊မတ္တမပင်လယ်ကွေ့တို့တွင် လေပြင်းတိုက်ခတ်ခြင်း ၊မိုးသည်းထန်စွာရွာသွန်းခြင်း၊ဒီရေတက်ခြင်းများကြုနိုင်ကြောင်း မိုးလေဝသပညာရှင်များကခန့်မှန်းထားသည်။ နိုင်ငံတစ်ဝန်းဒေသအများစုတွင်မိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ် ၊ဧရာဝတီတိုင်း ၊စစ်ကိုင်းတိုင်း ၊မကွေးတိုင်း၊မန္တလေးတိုင်း၊ရန်ကုန်တိုင်း ၊ တနသာ်ရီတိုင်းတို့တွင်မိုးသည်းထန်စွာရွာသွန်းခြင်း လေပြင်းများတိုက်ခတ်နိူင်သည်။ရေကြီးခြင်း ၊တောင်ပြိုခြင်း၊လေပြင်းတိုက်ခတ်ခြင်းများကိုလည်း သတိပြုရန်မိုးလေဝသပညာရှင်များက တိုက်တွန်းထားသည်။
မုန်တိုင်းဦးတည်ရာနှင့် မုန်တိုင်းစက်ကွင်းသည် ရခိုင်ကမ်းရိုးတန်းဒေသအများစုပါဝင်၍ ကျန်ဒေသများထက်မုန်တိုင်းသက်ရောက်မှုကြုံတွေ့ရနိုင်ကြောင်းမိုးလေဝသပညာရှင်များကပြောသည်။
