Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မဟာအောင်မြေ NLD ပါတီရုံး ညအချိန်မှာ ဖျက်ဆီးခံရ

မဟာအောင်မြေ NLD ပါတီရုံးဖျက်ဆီးမခံရခင် ရက်ပိုင်းအလိုကလည်း အမရပူရမြို့လယ်မှာရှိတဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့နေအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

NLD ပါတီရုံးဖျက်ဆီးခံထားရစဉ် (ပုံဟောင်း)
NLD ပါတီရုံးဖျက်ဆီးခံထားရစဉ် (ပုံဟောင်း)

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် NLD ပါတီရုံးဟာ ပြီးခဲ့တဲ့ နှစ်ရက်က ညအချိန် မှာ လူတစ်စု လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မေလ ၁၀ ရက် ညပိုင်းက မနော်ရမ္မံဥယျာဉ်အနီး ၆၂လမ်းနဲ့ ၄၂လမ်းရှိ NLDရုံးရဲ့ တံခါးတွေ ၊ဆိုင်းဘုတ်တွေအပြင် ရုံးထဲက ပစ္စည်းတွေပါ ဖျက်ဆီးခံလိုက်ရတာပါ။

“ခဏခဏလာဖျက်သလို ပစ္စည်းတွေလည်းယူသွားကြတယ်”လို့ မဟာအောင်မြေမြို့နယ် NLDပါတီဝင်တစ်ဦးကပြောပါတယ်။

မဟာအောင်မြေ NLD ပါတီရုံးဖျက်ဆီးမခံရခင် ရက်ပိုင်းအလိုကလည်း အမရပူရမြို့လယ်မှာရှိတဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့နေအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မန္တလေး NLD တိုင်းရုံးဟာ မေလ ၅ ရက်ညပိုင်းက အင်အားအများအပြားနဲ့ လာရောက်ဖျက်ဆီးတာခံထားရပါတယ်။

မန္တလေးမှာ NLD ပါတီရုံးတွေဖျက်ဆီးခံရတာအပြင် ပါတီဝင်တွေ ၊ ပါတီကို ထောက်ခံအားပေးသူ အချို့ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိခဲ့ပါတယ်။ သတ်ဖြတ်မှုကို သွေးသောက်အမည်ခံ အဖွဲ့က လုပ်ဆောင်တာလို့ အဲဒီအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

မြို့ခံတွေက သွေးသောက်အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့လို့ ယူဆထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။