Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထု မုန်တိုင်းအန္တရာယ်ကင်းရေးကြိုပြင်ရန် PDF တပ်ရင်းတပ်ဖွဲ့များသို့ ညွှန်ကြားထားဟု ကာကွယ်ရေးအသိပေး

မုန်တိုင်းဒဏ်ကြောင့် ဖြစ်လာနိုင်သည့်အခြေအနေအရပ်ရပ်ကို အလေးထားစောင့်ကြည့် နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှိဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ် ပြည်သူများအား ၂၀၂၃ မေလ ၈ရက်က တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှိဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ် ပြည်သူများအား ၂၀၂၃ မေလ ၈ရက်က တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေး)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ အခြေစိုက်စခန်းများနှင့်တပ်ဖွဲ့ဝင်များ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိစေရေး၊ ပြည်သူလူထုအား မုန်တိုင်းအန္တရာယ်မှဘေးကင်းလုံခြုံစေရေးတို့အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ကွပ်ကဲမှုအဆင့်ဆင့် ကြပ်မတ်၍သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမြန်ဆုံးဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ အသိပေးသည်။

အဆိုပါ ညွှန်ကြားချက်ကို မုန်တိုင်းသတင်းရပြီးနောက် မေလ ၆ရက်ကတည်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မုန်တိုင်းဒဏ်ကြောင့် ဖြစ်လာနိုင်သည့်အခြေအနေအရပ်ရပ်ကို အလေးထားစောင့်ကြည့် နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ မေလ ၅ရက်ထုတ်ပြန်ချက်အရ မုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အခြေအနေကို သိရှိပြီး နောက် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်သော ဒေသများအပြင် နိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ကြောင်းများအပြင် တိုင်း၊ခရိုင်၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များသို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကိုင်းနှင့် မကွေးတိုင်းအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုပိုင်းမှာ အားနည်းနေကြောင်း ရွှေဘိုခရိုင်အခြေစိုက် People’s Defense Comrade မှ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“မိဘပြည်သူတွေရဲ့စိတ်ထဲမှာ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်လောက်ပဲ ဂရုစိုက်နေကြတယ်။ အင်တာနက်လိုင်း အခက်ခဲကြောင့်လည်း ပါတယ်။ NUGရဲ့ စစ်ကိုင်းတိုင်း ကျနော်တို့ဘက် ကြိုတင်ပြင်ဆင်ကူညီပေးခြင်း မရှိသေးပါဘူး။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့အစည်းတွေကတော့ ရေဦး၊ဒီပဲယင်း၊ခင်ဦးနဲ့ တန့်ဆည်ကို လက်လှမ်းမီသမျှ နယ်တွေကို ဖုန်းနဲ့ချိတ်ဆက်ပီး မုန်တိုင်းအန္တရာယ်သတိထားဖို့ ဖုန်းမက်ဆေ့နဲ့သော်လည်းကောင်း ပေးပို့ပြီး သတိပေးထားတာတွေ ရှိပါတယ်”ဟု ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသော ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် တောအတွင်းသို့ တိမ်းရှောင်ပုန်းခိုခြင်းမပြုလုပ်ကြရန်လည်း သတိပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

” တချို့ပြည်သူတွေကျတော့ သူတို့ရဲ့စိတ်ထဲမှာ မုန်တိုင်းထက် စစ်တပ်အန္တရာယ် ၊လေကြောင်းအန္တရာယ်ကိုပဲ အဓိကဂရုစိုက်ပြီး နေကြတယ်။ ကျနော်တို့ စစ်ကိုင်းတိုင်းဆိုတာကတော့ ပထမနာဂစ်မုန်တိုင်းတုန်းကတော့ အဖျားလေးလာခတ်တာလောက်ပဲ အတွေ့အကြုံရှိထားကြတော့ သိပ်ဂရုမမူကြတာဗျ။ အခုမိုချာမုန်တိုင်းကို စစ်တပ်လောက် သိပ်ဂရုမစိုက်ကြဘူး”ဟု ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။