Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှစ်ခု PDF ပူးပေါင်းတပ် တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်‌ရေးပူး‌ ပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦးထိခိုက်ဒဏ် ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ ထိခိုက်ဒဏ်ရာနှင့် သေဆုံးစာရင်းအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ထား၀ယ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

(ထား၀ယ်ခရိုင် တပ်ရင်း (၁) တပ်ခွဲ ၂ စစ်​ကြောင်း နှင့် PDF ပူးပေါင်းတပ်များကစစ်တပ်ဂိတ်ကို တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-T1)
(ထား၀ယ်ခရိုင် တပ်ရင်း (၁) တပ်ခွဲ ၂ စစ်​ကြောင်း နှင့် PDF ပူးပေါင်းတပ်များကစစ်တပ်ဂိတ်ကို တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-T1)

▪️စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟုတာဝန်ရှိသူ​ပြော

တနင်္သာရီတိုင်း ထား၀ယ်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှစ်ခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထား၀ယ်ခရိုင် PDF တပ်ရင်း (၁)မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီ ၂၃ ရက် နံနက် ၅နာရီခန့်က ထား၀ယ်နယ် မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီ​၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ထားဝယ်ခရိုင်တပ်ရင်း(၁)မှ ဗိုလ်ကျော်ကြီးဦးဆောင်သော တပ်ခွဲ(၂) စစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့၊ဥဩစစ်ကြောင်း၊DGRF ၊ Aline Force ၊ဧဒင်မှူး ၊သံမဏိပျောက်ကြား-နဘယံ နှင့် မဟာမိတ်အဖွဲ့အစည်းများပူးပေါင်း၍ ၂ နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်းမှ ရဲဘော် ၁၆ဦး မစိုးရိမ်ရဒဏ် ရာရရှိကာ ရဲဘော်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး စစ်​ ကောင်စီတပ်မှ အများအပြားထိခိုက်ဒဏ်ရာ ရရှိ၍ ၁၅ဦး‌ကျော် ‌‌သေဆုံးခဲ့ကြောင်း တပ်ရင်း (၁)မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ အတည် ပြုသည်။

စစ်​ကောင်စီတပ်​​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ ဧပြီ ၂၃ရက် နေ့လယ် ၁၂ နာရီမှ ၁ နာရီအထိ ထားဝယ်မြို့နယ်၊ မဲ‌ချောင်းကျေး ရွာတွင် တပ်စွဲထား​သော စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ထားဝယ်ခရိုင်၊ တပ်ရင်း(၁) ဗိုလ်မီးပွားဦး‌ဆောင်သောတပ်ခွဲ(၁)စစ်ကြောင်းနှင့် ဗိုလ်နဂါးဦးဆောင်သော တနင်္သာရီစစ်ကြောင်းမှ ရဲဘော်တစ်ချို့၊ DDT၊ EDF နှင့် မဟာမိတ်အဖွဲ့များ ပူး​ပေါင်း၍ ဝင်​ရောက်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်‌ရေးပူး‌ ပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦးထိခိုက်ဒဏ် ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ ထိခိုက်ဒဏ်ရာနှင့် သေဆုံးစာရင်းအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ထား၀ယ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။

“ထားဝယ်ခရိုင်အတွင်းမှာတော့ တစ်နေ့ထက်တစ်နေ့ တော်လှန်ရေးအရှိန်မြင့်လာဖို့ပဲရှိပါတယ်။ ဆိုလိုတာက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေးလှူပ်ရှားမှုအရှိန်မြင့်လာဖို့ရှိတယ်လို့ပြောချင်တာပါ။ ဒီလို အခြေအနေမျိုးမှာ ပြည်သူလူထုအနေနဲ့ စစ်ရေ အသိ စစ်ရေးသတိတွေ ပိုရှိကြဖို့ ပိုသိကြဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တတ်နိုင်သ လောက်ရှောင်ရှားကြဖို့၊ စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေနဲ့ ဝေးကွာစွာနေထိုင်ကြဖို့ ပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်”ဟု ထား၀ယ်ခရိုင် PDF တပ်ရင်း (၁)မှ တာ၀န်ရှိသူတစ်ဦးက သတင်းစကားပါးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။