Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ကို ကချင်ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာအဖွဲ့အစည်း တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းရှစ်ခုကိူ ပေါင်းစည်း၍ ဖွဲ့ စည်းထားခြင်းဖြစ်ပြီး KIO ပညာရေးဌာန၏ အထက် တန်းစာမေးပွဲအောင်မြင်သူများ ပထမနှစ်သင်တန်းများသို့ တိုက်ရိုက် တက်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်
ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်

▪️ဖွင့်ပွဲအခမ်းအနားတွင် NUG အစိုးရတာဝန်ရှိသူများ၏ပုံများ ချိတ်ဆွဲ

ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ဆင်မြင့်ထက်တွင် သမ္မတဦးဝင်းမြင့်၊ ယာယီသမ္မတဒူဝါလရှီးလ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။

ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်
ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်

ယမန့်နေ့ (စက်တင်ဘာ ၁၂ ရက်) Kachin State Comprehensive University ပညာရပ်စုံတက္ကသိုလ်ကို ကချင်ပြည်နယ် လိုင်ဇာတွင် ​ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်
ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်နယ်မြေတွင် ပညာရပ်စုံတက္ကသိုလ်ဖွင့်လှစ်

အဆိုပါ တက္ကသိုလ်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် KIO ပညာရေးဌာနတို့ ပူး ပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ ကချင်လွတ်လပ်ရေးအစိုးရ ဒုတိယဥက္ကဌနှင့် ကချင်အမျိုးသားပညာရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်၊ KIO ပညာရေးဌာနတာဝန်ခံနှင့် တာဝန်ရှိသူများ၊ KIOဌာန အသီးသီးမှတာဝန်ရှိသူများ၊ တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အခြားသော ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်ဟု ဖော်ပြသည်။

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ကို ကချင်ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာအဖွဲ့အစည်း တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းရှစ်ခုကိူ ပေါင်းစည်း၍ ဖွဲ့ စည်းထားခြင်းဖြစ်ပြီး KIO ပညာရေးဌာန၏ အထက် တန်းစာမေးပွဲအောင်မြင်သူများ ပထမနှစ်သင်တန်းများသို့ တိုက်ရိုက် တက်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Facebook