Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းတွင် စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ် ၆၅၀ကျော် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားခြင်းကြောင့် ရေလယ်ကျွန်းဒေသတွင် ကျေးရွာပေါင်း ၂၅ရွာမှ ဒေသခြံပည်သူများ၏ နေအိမ် ၆၅၆ လုံး၊ ဆေးပေးခန်းနှစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်း ရေစကြို(ပအဖ)အဖွဲ့က အသိပေးသည်။

မီးရှို့ဖျက်ဆီးခံခဲ့​ရသော ရေစကြိုရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj
မီးရှို့ဖျက်ဆီးခံခဲ့​ရသော ရေစကြိုရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj

▪️ဒေသခံပြည်သူ ငါးဦးကို သတ်ဖြတ်၊ မီးရှို့ခံရသည့်ပြည်သူများ အကူအညီများလိုအပ်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လေးရက်အတွင်း ကျေးရွာ ၂၅ ရွာမှ နေအိမ်ပေါင်း ၆၅၀ ကျော်နှင့် ဆေးပေးခန်းနှစ်ခု မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ငါးဦး သတ်ဖြတ်ခံခဲ့ရသည်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်များက မေလ ၂၆ရက်မှ မေလ ၂၉ ရက်အထိ အင်အား ၂၅၀ခန့်ဖြင့် စစ်ကြောင်းများခွဲကာ ဝင်ရောက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သည် ကျေးရွာများကို ဝင်ရောက်ပစ်ခတ်စီးနင်းကာ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်း ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူ လုယက်ယူဆောင်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရေစကြိုမြို့နယ်က ထုတ်ပြန်သည်။

မီးရှို့ဖျက်ဆီးခံခဲ့​ရသော ရေစကြိုရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj
မီးရှို့ဖျက်ဆီးခံခဲ့​ရသော ရေစကြိုရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj

စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားခြင်းကြောင့် ရေလယ်ကျွန်းဒေသတွင် ကျေးရွာပေါင်း ၂၅ရွာမှ ဒေသခြံပည်သူများ၏ နေအိမ် ၆၅၆ လုံး၊ ဆေးပေးခန်းနှစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်း ရေစကြို(ပအဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရေလယ်ကျွန်းဒေသမှ အမျိုးသား သုံး ဦး၊ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒေသခံပြည်သူတွေကတော့ နေရေးထိုင်ရေးနဲ့ စားသောက်ရေးတွေ အရေးပေါ်လိုအပ်နေပါတယ်။ တချို့ဆိုရင် ရိတ်သိမ်းထားတဲ့သီးနှံတွေလည်း မရောင်းရသေးဘဲ ထားတုန်းရှိသေးတယ်ပါသွားတာ။ ဒီဘက်က တောင်သူတွေများတော့ တော်တော်ဆုံးရှုံးသွားတယ်။”ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့​ရသော ရေစကြိုရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj
မီးရှို့ဖျက်ဆီးခံခဲ့​ရသော ရေစကြိုရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj

ယခု မီးရှို့ခဲ့ရသော ကျေးရွာများသည် ယခင်ကလည်းစစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရဖူးပြီး အချို့ရွာများမှာ သုံးကြိမ်မြောက်အထိ မီးရှို့ခံရခြင်းဖြစ်ကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မေလ ၃၀ ရက်ညနေပိုင်းက ရေလယ်ကျွန်းမှ ပြန်လည်ဆုတ်ခွာသွားပြီး မင်းရွာပျူရွာနှင့် ဆင်ချောင်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ချင်းတွင်းမြစ်ကမ်းတွင် ရပ်နားထားသော စက်လှေ ၁၅စီးကိုလည်းကောင်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

မီးရှို့ဖျက်ဆီးခံခဲ့​ရသော ရေစကြိုရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj
မီးရှို့ဖျက်ဆီးခံခဲ့​ရသော ရေစကြိုရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj

ရေလယ်ကျွန်းဒေသရှိ ဒေသခံပြည်သူနှစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ၎င်းတို့အတွက် တတ်အားသရွေ့ထည့်ဝင်လှူဒါန်းကြပါရန် ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။