Connect with us

Hi, what are you looking for?

သတင်း

NUGက Pale Jokers PDFအား မောင်းပြန်သေနတ်ငါးလက် တပ်ဆင်ပေး

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ကာ စစ်ကောင်စီကို တိုက်ခိုက်မည်ဟုလည်း ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)က ကတိပြုထားသည်။

(NUGက တပ်ဆင်ပေးသည့် မောင်းပြန်သေနတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Jokers PDF)
(NUGက တပ်ဆင်ပေးသည့် မောင်းပြန်သေနတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Pale Jokers PDF)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မောင်းပြန်သေနတ် ငါးလက် တပ်ဆင်ပေးလာကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉(Pale Jokers PDF)ခေါင်းဆောင် ကိုပုလဲက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၁ရက်တွင် ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား သေနတ် ငါးလက်၊ကျည်​ဘောက် ၁၅ခုနှင့် ကျည် ၅၀၀တို့ကို ရင်းစောင့်အဖြစ် တပ်ဆင်ပေးအပ်ခဲ့ခြင်းဟု ဆိုသည်။

“ယင်းမာပင်ခရိုင် တပ်ရင်းတွေအနေနဲ့ အရင်ကတည်းက ရထားပြီးသားတွေရှိတယ်။ကျွန်တော် တို့ တပ်ရင်းအနေနဲ့ ပထမဆုံးရတာ။NUGကို ကျေးဇူးတင်တယ်။ရဲဘော်တွေလည်း အတိုင်းမသိ စိတ်အားတက်စေခဲ့တယ်”ဟု ကိုပုလဲက ပြောသည်။

Public Service Announcement
Public Service Announcement

သို့သော် တပ်ရင်းစုဖွဲ့မှုနှင့် ယခင်ရှိပြီး လက်နက်အရေအတွက်အပါအဝင် လက်ရှိထောက်ပံ့ခဲ့သည့် လက်နက်အရေအတွက်မှာ ပြည့်စုံခြင်းမရှိသေး၍ ထပ်မံဖြည့်တင်းရန် ကြိုးပမ်းနေသည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများမှလည်း ကျည်ဖိုး၊ ယမ်းဖိုးများ ဆက်လက်လှူဒါန်းပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ကာ စစ်ကောင်စီကို တိုက်ခိုက်မည်ဟုလည်း ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)က ကတိပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ