Connect with us

Hi, what are you looking for?

သတင်း

တီးတိန်တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်ခိုလှုံလာဟု PDF ဇိုလဲန်း အသိပေး

မေလ ၁၃ရက်ကလည်း တွန်းဇံမြို့၌ တာဝန်ကျသည့် ဖလမ်းမြို့အခြေစိုက် တပ်ရင်းမှ တပ်သားနှစ်ဦးကိုဖမ်းဆီးပြီး လုံခြုံရာသို့ပိုဆောင်ပေးခဲ့သည်ဟု ဆိုသည်။

(ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ယူဆောင်လာသော လက်နက်နှင့် ကျည်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Zoland Voice TV)
(ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ယူဆောင်လာသော လက်နက်နှင့် ကျည်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Zoland Voice TV)

▪️ဖလမ်းအခြေစိုက်တပ်မှ ထွက်ပြေးလာသည့် တပ်သား နှစ်ဦးကိုလည်းဖမ်းဆီးပြီး လုံခြုံရာပို့ဆောင်ခဲ့ဟုဆို

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးခိုလှုံလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)-ဇိုလဲန်း(Zoland)က အသိပေးထုတ်ပြန်သည်။

ခိုလှုံလာသည့် တပ်သားသည် မေလ ၃၁ရက်တွင် PDF-Zoland ထံ သေနတ်တစ်လက်၊ ကျည်အိမ်၊ ကျည်ဆံများနှင့်အတူ ဝင်ရောက်ခိုလှုံလာကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါတပ်သားအား ဘေးကင်းလုံခြုံသည့် နေရာသို့ ပို့ဆောင်ခဲ့ပြီး ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်သည်။

မေလ ၁၃ရက်ကလည်း တွန်းဇံမြို့၌ တာဝန်ကျသည့် ဖလမ်းမြို့အခြေစိုက် တပ်ရင်းမှ တပ်သားနှစ်ဦးကိုဖမ်းဆီးပြီး လုံခြုံရာသို့ပိုဆောင်ပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုစစ်ကောင်စီတပ်သားများထွက်ပြေးခိုလှုံလာမှုနှင့်ပတ်သက်၍ မေးမြန်းရန် PDF ဇိုလဲန်းထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။