ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းစစ်ဆင်ရေးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၇က ပြောသည်။
ယမန်နေ့(ဇွန် ၉ ရက်) နံနက် ၆နာရီခန့်က တိုက်ခိုက်မှုတွင် KNDF တပ်ရင်း(၁၇)၏ ဒရုန်းတပ်ဖွဲ့ နှင့် ဗျူဟာ (၂)ဒရုန်းတပ်ဖွဲ့တို့က အန္တရာယ်ကွေ့ စစ်ကောင်စီစခန်းကို နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အန္တရာယ်ကွေ့ စခန်းက မြို့အဝင်မှာရှိတာ။ခမရ (၅၁၀) ထိုင်တယ်။အင်အား ၄၀ ကျော်လောက်တော့ရှိတယ်”ဟု ရှားတောမြို့ခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ဒရုန်းစစ်ဆင်ရေးများသည် ပစ်မှတ်တိကျမှုရှိခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲဟု KNDFတပ်ရင်း (၁၇)က အသိပေးသည်။

Public Service Announcement
ထိုတိုက်ခိုက်မှုကို ကရင်နီတပ်မတော် KA၊KNDF တပ်ရင်း (၂)၊တပ်ရင်း (၁၇)နှင့် ဗျူဟာ(၂)ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။


















































