Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ဒရုန်းစစ်ဆင်ရေးများသည် ပစ်မှတ်တိကျမှုရှိခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲဟု KNDFတပ်ရင်း (၁၇)က အသိပေးသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၁၇မှ ရဲဘော်များအား တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၁၇မှ ရဲဘော်များအား တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းစစ်ဆင်ရေးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၇က ပြောသည်။

ယမန်နေ့(ဇွန် ၉ ရက်) နံနက် ၆နာရီခန့်က တိုက်ခိုက်မှုတွင် KNDF တပ်ရင်း(၁၇)၏ ဒရုန်းတပ်ဖွဲ့ နှင့် ဗျူဟာ (၂)ဒရုန်းတပ်ဖွဲ့တို့က အန္တရာယ်ကွေ့ စစ်ကောင်စီစခန်းကို နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အန္တရာယ်ကွေ့ စခန်းက မြို့အဝင်မှာရှိတာ။ခမရ (၅၁၀) ထိုင်တယ်။အင်အား ၄၀ ကျော်လောက်တော့ရှိတယ်”ဟု ရှားတောမြို့ခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဒရုန်းစစ်ဆင်ရေးများသည် ပစ်မှတ်တိကျမှုရှိခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲဟု KNDFတပ်ရင်း (၁၇)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကို ကရင်နီတပ်မတော် KA၊KNDF တပ်ရင်း (၂)၊တပ်ရင်း (၁၇)နှင့် ဗျူဟာ(၂)ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။