Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်တွင် ဧပြီလအတွင်းတိုက်ပွဲအကြိမ် ၅၀ဖြစ်ခဲ့ပြီး စစ်​သား ၇၀ ဦး​သေဆုံးပြီးလက်နက် ၅၉လက်ရရှိ

ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာအနီးရှိ တောင်ပေါ်တွင်လည်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်ရင်း KNDF-B06 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

(KNDF တပ်ဖွဲ့ဝင်များ ၊စစ်တပ်ထံမှသိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် စစ်တပ်ကဗုံးကျဲ၍ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ၊စစ်တပ်ထံမှသိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် စစ်တပ်ကဗုံးကျဲ၍ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-KNDF)

▪︎ကရင်နီပူး​ပေါင်းတပ်မှ ၃ဦးကျဆုံးခဲ့ ၊ စစ်သုံ့ပန်း ၃ဦးဖမ်းမိ

ကရင်နီပြည်နယ်တွင်ပြီးခဲ့သည့် ဧပြီလအတွင်း တိုက်ပွဲအကြိမ် ၅၀ ဖြစ်ပွားပြီးစစ်ကောင်စီတပ်သား(၇၀)ဦးသေဆုံး၊သုံးဦး ဖမ်းမိပြီး လက်နက်ကြီး၊လက်နက်ငယ် ၅၉ လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ် ပြန်သည်။

ထို့အတူ စစ်ကောင်စီတပ်အားခုခံတိုက်ခိုက်ရင်း ပင် လောင်း-ဖယ်ခုံနယ်စပ် မြောက်စလုံးတိုက်ပွဲအတွင်း KNDF-B02 မှ ရဲဘော်တစ်ဦးနှင့် KNDF-B11 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။

ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာအနီးရှိ တောင်ပေါ်တွင်လည်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်ရင်း KNDF-B06 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲများအတွင်း ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားသော ရဲဘော် (၃) ဦးအား KNDF မှ ကရင်နီအမျိုးသား အာဇာနည်အဖြစ် မှတ် တမ်းတင် အလေးပြုသည်။

Public Service Announcement

Public Service Announcement

“ထိတွေ့မှုက နေ့စဥ် ရှိနေတုန်းပဲ။စစ်ကောင်စီဘက်က နေ အင်အား ဆက်တိုက်ဖြည့်နေတာရှိသလို လေ ကြောင်းကနေလည်း အရင်ထက် ပိုအားပြုလာတယ်။ မြေပြင်မှာက သူတို့ဘက်က အလူအလဲရှုံးနေတာ ကို။ရှေ့ဆက်ပြီး တိုက်ပွဲက ပိုပြင်းထန်နေဦးမယ်လို့ဘဲ လောလောဆယ် ပြောနိုင်တယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(KNDF တပ်ဖွဲ့ဝင်များ ၊စစ်တပ်ထံမှသိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် စစ်တပ်ကဗုံးကျဲ၍ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ၊စစ်တပ်ထံမှသိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် စစ်တပ်ကဗုံးကျဲ၍ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-KNDF)

ဧပြီလအတွင်း ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော် သေဆုံးခဲ့သဖြင့် တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင်၊ ဖယ်ခုံမြို့အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများ အဆမ တန်ပစ်ကူတိုက်ခိုက်ခဲ့သည်။

​စစ်ကောင်စီတပ်များသည် ဘောလခဲနှင့်ဖားဆောင်းမြို့နယ်များအား လွိုင်ကော်မြို့နယ်မှ စစ်ကူ၊ လက် နက်ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းရာတွင် အရေးပါသော လွိုင်ကော်-ဒီးမော့ဆိုမြို့-ဘောလခဲ လမ်းပိုင်းအား ထိန်းချုပ်နိုင်ရန် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်တို့မှ စစ်မျက်နှာစာ နှစ်ဖက်ညပ်ပြီး စစ်ကြောင်းထိုးလျက်ရှိသည်။

လွိုင်ကော်မြို့မှ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်မှ တဆင့် ဒေါတငူး နှင့် တနီးလားလဲကျေးရွာရှိ တောင်ကြောများပေါ်အထိ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်းတပ်များမှ နှစ်လကျော်ကြာ ခုခံတိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီတပ်များသည် ဘောလခဲမြို့နယ်မှ ဒီးမော့ဆိုမြို့နယ် ဒေါညေးခူရွာ သို့ စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်သဖြင့်၊ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်း (၃) ကြောင်းလုံး ဖယိုဖရဲဖြစ်ခဲ့ရပြီး ဘောလခဲမှမြို့နယ်မှ စစ်ကူများ ထပ်မံဖြည့်တင်းတိုက်ခိုက်လျက်ရှိသည်။

ထို့အတူ ဘောလခဲမြို့နယ်မှ ဒီးမော့ဆိုမြို့နယ်သို့ စစ်ကူသွားသော စစ်ကောင်စီတပ်၏ စစ်ကြောင်းများကိုလည်း ကရင်နီပူးပေါင်းတပ်များမှ ဖြတ်တောက်တိုက်ခိုက်ထားသည်။

စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့နယ်စပ်တို့အပြင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းများ ထိုးလျက် ရှိပြီး ကရင် နီတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်များနှင့် နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားနေသည်။

(KNDF တပ်ဖွဲ့ဝင်များ ၊စစ်တပ်ထံမှသိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် စစ်တပ်ကဗုံးကျဲ၍ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ၊စစ်တပ်ထံမှသိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် စစ်တပ်ကဗုံးကျဲ၍ပျက်စီး​နေ​သောအ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-KNDF)

ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲ နှင့် ဒီးမော့ဆိုမြို့နယ်စစ်မျက်နှာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဝေဟင်မှ အသာစီးဖြင့် တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များအသုံးပြုကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ၄င်းတို့သာ အထိနာလျက်ကြောင်း KNDF က အသိပေးသည်။

​၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ယနေ့အထိ ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ် အနောက် ကယန်းဒေသဘက်သို့ အကြမ်းဖက်သောနည်းလမ်းဖြင့် နယ်မြေရှင်းလင်းရန် ရည်ရွယ်ထားသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ စစ် ကြောင်းထိုးခဲ့ရာ တောင်မဲတင်းနှင့် မြောက်စလုံးအထိ ရောက်ရှိခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အပြင်း အထန် ခုခံတိုက်ခိုက်လျက် ရှိသည်။

ရှမ်း-ကယားနယ်စပ်ရှိ ကျေးရွာများနှင့် မိုးဗြဲမြို့အနီးဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး သေဆုံးထားသည်။

ရှားတောမြို့နယ် ပွန်ချောင်း ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအား KNDF မှ ရှောင်တခင်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ရှားတောမြို့နယ်အတွင်း ရှမ်းပြည်နယ် နယ်စပ်မှတဆင့် သံလွင်မြစ် အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုး လျက်ရှိသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း ၅၀ ကြိမ်တွင် စစ်ကောင်စီထံမှ လက်နက်ကြီး​(​၇)လက်၊ လက်နက်ငယ်(၅၂)လက် နှင့် ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်များမှ သိမ်းဆည်း ရမိခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်မျက်နှာအသီးသီးတွင် ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသဖြင့် ဧပြီလ အတွင်း လေကြောင်းဖြင့်(၁၀၈) ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့သည်။လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦး သေဆုံးကာ (၅)​ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း​ဖော်ပြထားသည်။

ထို့အတူ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၁)ဦးသေဆုံးကာ(၆)ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီများ၏ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၁) ဦးသေဆုံးခဲ့ရသည်။

လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ်ပေါင်း (၂၀)ကျော်ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံ နှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ (၂) ရုံ၊ ကျေးရွာ ဆေးပေးခန်း (၂) ခန်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့အတူ လက်နက်ကြီး ကျရောက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်း ပျက်စီးခဲ့ပါသည်။ တိုက် ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ စစ်သုံ့ပန်း (၃) ဦးဖမ်းရမိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်စခန်းများနှင့် လူထုအခြေပြု ဆေးရုံ၊ ဆေးခန်းများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော် ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။