Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် ပျဥ်းမနားမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်

အထက်ပါ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့(ဇွန် ၁၃)နံနက်ပိုင်းမှစတင်ပြီး ပျဥ်းမနားနယ် တောင်တန်းဒေသတွင် စစ်ကောင်စီတပ်များ တောနင်းရှာဖွေမှုများကို အင်အားအလုံးအရင်းဖြင့်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

(စစ်​ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Sai Khant)
(စစ်​ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Sai Khant)

▪︎လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပျဥ်းမနားမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် မြွေဟောက်မြောင် ဘုရားကုန်းစခန်းကို PDF ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဇွန် ၁၂)နံနက် ၇ နာရီခန့်က ပျဥ်းမနားမြို့ နယ် တောင်တန်းဒေသရှိ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းမှ စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်း ၁၀၀၄၊ သံ တောင်မြောက်ပိုင်း အထူးဒေသ တပ်ခွဲ ၃၊ KA စသည့် ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

(စစ်​ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Sai Khant)
(စစ်​ကောင်စီ တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-Sai Khant)

အဆိုပါစစ်တပ်စခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း စာရင်းအတိအကျမသိရသေးဘဲ ရန်သူ့ထံမှ ငါးကြင်းမြီး စက်လက် ၁ လက်၊ MA 3- ၁ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း နေပြည်တော် PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

“စခန်းသိမ်းနိုင်လိုက်တဲ့ အ​ခြေ​နေပါ။ လက်နက်တွေပါရလိုက်တယ်”ဟု ၎င်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စီးနင်းတိုက်ခိုက်ခဲ့သော မြွေဟောက်မြောင် ဘုရားကုန်းတပ်စခန်းတွင် ပုံမှန်အားဖြင့် စစ်ကောင်စီတပ်မှ အင်အား ၆၀ ဝန်းကျင် အထိုင်ချတပ်စွဲထားလေ့ရှိရာ ယမန်နေ့တိုက်ခိုက်မှုတွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ ၃ နာရီကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ရပြီး တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော် PDF က ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့(ဇွန် ၁၃)နံနက်ပိုင်းမှစတင်ပြီး ပျဥ်းမနားနယ် တောင်တန်းဒေသတွင် စစ်ကောင်စီတပ်များ တောနင်းရှာဖွေမှုများကို အင်အားအလုံးအရင်းဖြင့်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။