Connect with us

Hi, what are you looking for?

သတင်း

ဒေသတွင်း အုပ်ချုပ်ရေးစနစ်ပိုပီပြင်လာရေး ချင်းပြည်ကောင်စီဖွဲ့စည်းရန် CDFများနှင့် ဆွေးနွေးထားဟု CNA တပ်မှူးပြော

ချင်းပြည်နယ်အတွင်း စစ်ရေး ၊ အုပ်ချုပ်ရေး ပူးဆောင်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး ဆော်လမွန်၏ ပြောကြားချက် ရုပ်သံကို The Chin Journalက ယမန်နေ့တွင် ဖော်ပြသည်။

(ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်အား တွေ့ရစဥ်)
(ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်အား တွေ့ရစဥ်)

ချင်းပြည်နယ်အတွင်း အုပ်ချုပ်ရေးစနစ်ပိုမိုခိုင်မာလာစေရေးအတွက် ဒေသအသီးသီးရှိ ချင်းကာကွယ်ရေးတပ်(CDF)များနှင့် ဆွေးနွေးထားကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။

ချင်းပြည်နယ်အတွင်း စစ်ရေး ၊ အုပ်ချုပ်ရေး ပူးဆောင်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး ဆော်လမွန်၏ ပြောကြားချက် ရုပ်သံကို The Chin Journalက ယမန်နေ့တွင် ဖော်ပြသည်။

“CDF တင်မကဘူး PDFတွေနဲ့ပါ စစ်ရေးတွဲပြီး လုပ်နေတယယယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာလည်း စကစ အကြမ်းဖက်တွေက ဘာမှ သူတို့မှာ လုပ်ကိုင်စရာ ယန္တရားတွေအကုန်ပျက်သွားတဲ့အခါကျတော့ ဟုတ်ပြီ ဒါဆိုရင် CNFနဲ့အတူ CJDCကနေ CDFတွေကို ကိုယ့်ဟာကိုယ် အုပ်ချုပ်ရေးလေးတည်ဆောက်ရအောင်ဆိုပြီး CNFကနေ အသေအချာသူတို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အတူတကွ လုပ်တာပေါ့နော်။ ဒီ CDFတွေရဲ့နောက်မှာ CNFက အမြဲတမ်းရှိတယ်။ CANလည်းအမြဲတမ်းရှိတယ်။ အခုတော့ နှစ်နှစ်လောက်ရှိလာတဲ့အခါကျတော့ အဲဒါ ပိုပီပြင်အောင် ဒီအုပ်ချုပ်ရေးစနစ် တစ်ခုနှင့်တစ်ခုတစ်ဒေသနဲ့ တစ်ဒေသ ပိုပြီးပီပြင်ဖြစ်လာအောင်ဆိုပြီး ချင်းပြည်ထောင်တည်ဆောက်မယ်။နောက်ချင်းလဲန်း ကောင်စီ တည်ဆောက်ဖို့ ကျနော်တို့ CDFတွေနဲ့အားလုံးလိုလို ဆွေးနွေးထားတယ်”ဟု ဗိုလ်မှူးကြီးဆော်လမွန်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလတွင် ချင်းပြည်နယ် ဒေသအသီးသီး၌ ဒေသအလိုက်နှင့် မျိုးနွယ်စုအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ အဆိုပါ CDF တပ်ဖွဲ့များနှင့် CNFတို့ စစ်ရေးအရ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၂ရက်က ကရင်နီပြည်နယ်တွင် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ရာ ယင်းသို့ကောင်စီများကို အခြားပြည်နယ်များ၌ ဖွဲ့စည်းပြီး ပြည်သူများ ကိုယ့်ဒေသကိုယ် အုပ်ချုပ်နိုင်ရေးဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။