Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

ထန်တလန်စစ်​ကောင်စီရဲစခန်းကို ဘယ်လိုသိမ်းပိုက်ခဲ့လဲဆိုတာ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီရဲ့​ပြောပြချက်

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်​တွေသေဆုံးမှုရှိခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော်ကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။

CNF/CNAပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ
CNF/CNAပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

ချင်းပြည်နယ် ထန်တလန်မြို့ရဲစခန်းကိုချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)နဲ့ချင်းကာကွယ်ရေးတပ်(CDF) တို့ကဖေဖော်ဝါရီ ၈ရက်ကမ​နေ့ည(​ဖေ​ဖော်ဝါရီ၈ ) ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် ။စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်​တွေသေဆုံးမှုရှိခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော်ကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။ ထန်တလန်ရဲစခန်း တိုက်ခိုက်နိုင်မှု အခြေအနေ နဲ့ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကိုPeople’s Springက ဒီက​နေ့မှာဆက်သွယ် မေးမြန်းထားပါတယ် ။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

​မေး-ထန်တလန်ရဲစခန်းတိုက်ခိုက်ဖို့ဆောင်ရွက်ခဲ့တဲ့ အခြေအနေကို ရှင်းပြပေးပါလား

​ဖြေ-ဒီထန်တလန်က အရင်ကတည်းက စစ်​ေ-တွေကနေ ပြည်သူလူထု မနေနိုင်အောင် မီးတွေဘာတွေရှို့ပစ်လိုက်တော့ ပြည်သူလူထုက မရှိတော့ အခု ထန်တလန်မြို့မှာက စစ်ကောင်စီတွေနဲ့ ကျွ​တော်တို့ တပ်ဖွဲ့တွေပဲရှိတာပေါ့။အဲဒါနဲ့ ကျွန်​တော်တို့ကအနေအထားကိုလေ့လာတယ်။ အကြာကြီးလေ့လာခဲ့တာသူတို့အင်အားကိုကြည့်တယ်၊သူတို့ လှုပ်ရှားမှုကို ကြည့်တယ်။ အဲဒီအနေအထားအောက်မှာ CB ဘဏ်မှာ ရှိနေတဲ့ စစ်ကောင်စီတွေရဲ့ တပ်စိတ်တစ်ခုကို ကျွန်​တော်တို့ ဝင်စီးပြီးတော့ လက်နက်တွေရတယ်စစ်ကောင်စီတွေရဲ့ ရဲတွေကို ကျွန်​တော်တို့ ဖမ်းတာပေါ့။အဲဒီကနေတစ်ဆက်တည်း မနေ့ညကထန်တလန် ရဲစခန်းကို ကျွန်​တော်တို့ ည ၉နာရီကနေ ဝင်စီးခဲ့တာ ဖြစ်ပါတယ်။

​မေး- စီးနင်းတိုက်ခိုက်ပြီးစခန်းသိမ်းပိုက်ခဲ့တာကိုရှင်းပြပါလား။

Public Service Announcement

Public Service Announcement

​ဖြေ- ကျွန်​တော်တို့ဘက်ကည ၉နာရီကနေအဲဒီစခန်းကို

ကျွန်​တော်တို့ ဝင်တယ်။ ပြီးတော့ ဒီနေ့မနက် မှာကျွန်​တော်တို့ ပွဲသိမ်း ဝင်စီးနိုင်ခဲ့တယ်။ အဲဒီမှာသူတို့ကလက်နက်တွေထားခဲ့ပြီးတော့ ထွက်ပြေးကြတယ်ထင်တယ်။ အလောင်းက ၄လောင်းတွေ့တယ်။ ဒီလက်နက် အနေအထားကို ကြည့်ပြီး လူအင်အားကို ခန့်မှန်းလို့ရတယ်။ ဒါမေပဲ့အဲဒီမတိုင်ခင်ကတည်းကသူတို့ဘက်က အင်အားဘယ်လောက်ရှိသလဲဆိုတာ ကျွန်​တော်တို့ခန့်မှန်းထားတာခန့်မှန်းတာနဲ့အတူတူပဲ။ကျွန်​တော်တို့ဘက်က ကျွန်​တော်တို့တပ်ဖွဲ့ဝင်CNAတစ်ဦးကျပြီး ဒဏ်ရာရတစ်ဦးရှိခဲ့တာပေါ့။အဲဒါနဲ့တစ်ဆက်တည်းရဲစခန်းနဲ့ အနီးအနားမှာရှိနေတဲ့မြို့လယ်မှာရှိနေတဲ့ထွေအုပ်ရုံးကိုဝင်စီးလိုက်တယ်။ ထွေအုပ်ရုံးက သူတို့က တပ်စိတ် တစ်စိတ်စာ အမြဲတမ်းစောင့်ထားတဲ့နေရာ ။ အဲဒါကို ကျွန်​တော်တို့ ဝင်စီးတာ သူတို့ ကြိုတင်ပြီးရှောင်ပြေးတော့ လျှောလျှောရှုရှုနဲ့ ဝင်စီးနိုင်တယ်။ ဒါပေမဲ့ အဲဒီနေရာမှာတော့ လက်နက်တွေဘာတွေ မရခဲ့ဘူးပေါ့။

​မေး-ရဲစခန်းက လက်နက်ခဲယမ်းရရှိမှုကရောဗျ။

​ဖြေ-ရဲစခန်းကတော့ အများဆုံးက G3 တွေပေါ့။ အဲဒါ အလက်ပေါငး ၄၂လက်။ သူတို့ ဒရုန်းကို ဖမ်းတဲ့ဂျမ်ဘာ တစ်လုံးလည်းရတာပေါ့။ နောက်ပြီးတော့စစ်အသုံးဆောင်အချို့ရရှိထားတာပေါ့။ ဒီအလက်ပေါင်း ၄၀ ကျော်ဆိုတော့ အင်အားက ၄၀လောက် ရှိမယ်ဆိုတော့ ကျွန်​တော်တို့ အရင်ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ အဲဒါနဲ့တစ်ဆက်တည်း သူတို့က ဒီမနက်ကနေ အခုထိပေါ့ ဂျက်လေယာဉ်တွေနဲ့ ဗုံးက နေရာတိုင်းလာကြဲတာ။ ကျွန်​တော်တို့ CNA စခန်းငယ် တစ်ခုကို လေယာဉ်နဲ့ပစ်တယ်။ပြီးတော့ CDFတွေနေနိုင်တယ်ထင်တဲ့ ကျွန်​တော်တို့ သိမ်းခဲ့တဲ့ လုံလဲရ်စစ်ကောင်စီ စခန်းကို လည်း သူတို့ ဝင်ပစ်တာပေါ့။ မြို့ပေါ်အပြင်ပေါ့။ တိုက်လေယာဉ် ၅စီးနဲ့ တိုက်တာ အဲဒီမှာတော့ အထိအခိုက်တော့ ကျွန်​တော်တို့ဘက်က မရှိဘူး။

​မေး-အင်အား ၄၀ လောက်ရှိပြီး အခိုင်အမာ တပ်စွဲထားတဲ ရဲစခန်းကို အခုလို နာရီပိုင်းအတွင်း သိမ်းနိုင်ခဲ့တယ်ဆိုတဲ့ အနေအထားအပေါ် သုံးသပ်ပေးပါလား

​ဖြေ- အဲဒီလို ဝင်သိမ်းနိုင်ခဲ့တာ စစ်ကောင်စီဘက်က မြေပြင်ကနေ စစ်ကူတွေမပို့နိုင်တော့ဘူး။ အဲဒီမှာ သူတို့ဘက်က စိတ်ဓာတ်ရေးရာအရ ကျဆင်းမှု စိတ်ဖိစီးမှုတွေတော့ ရှိတယ်လို့ သိရတယ်။ ဘာလို့လဲဆိုတော့ သူတို့ဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ ရဲတွေကိုသော်လည်းကောင်း ၊ကျွန်​တော်တို့ ဖမ်းဆီးတဲ့ စစ်​ေ-းတွေကိုသော်လည်းကောင်း အခြေအနေ အရပ်ရပ် သုံးသပ်ပြီးတော့ စိတ်ဓာတ်ရေးရာ အရာမှာလည်း ကျွန်​တော်တို့ဘက်က တော်တော်အားသာခဲ့တယ်။ အဲဒီလို သိမ်းတဲ့အခါမှာလည်း ထန်တလန်မှာသူတို့ ရဲ့တပ်ကုန်းရှိတယ်။ အဲဒီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူတာမျိုးတော့မရှိဘူး။အဲဒါက ကျွန်​တော်တို့ဘက်က တော်တော်လေး အားသာချက်ရှိသွားတာပေါ့။ အဲဒီမတိုင်ခင်လည်း ဒရုန်းကနေ မြေပြင်ကို လေ့လာတယ် ဒရုန်းကနေ ဗုံးချတယ် ဗုံးကြဲတယ် စသဖြင့် စိတ်ဓာတ်စစ်ဆင်ရေးတွေ အဲဒီလို လုပ်ခဲ့တယ်။ အဲဒါကြောင့် ကျွန်​တော်တို့က အကျအဆုံးနည်းနည်းနဲ့ ဝင်သိမ်းနိုင်ခဲ့တယ်လို့ အဲဒီလိုပဲ ပြောချင်ပါတယ်။

​မေး-စစ်ကောင်စီတပ်ကုန်းနဲ့ ရဲစခန်းက ဘယ်လောက် အကွာအဝေးရှိပါသလဲ။ သူတို့က ဘာမှ ပစ်ကူမပေးဘူးဆိုတဲ့ အနေအထားအပေါ် ဘယ်လိုမြင်ပါသလဲ။

​ဖြေ-တပ်ကုန်းနဲ့ ရဲစခန်းကကျွန်​တော်တို့တွက်ရသလောက်တော့ မိုင်ဝက်လောက်ပဲရှိမယ်။ ထန်တလန်မြို့က ကျဉ်းကျဉ်းလေး။ အဲဒီမှာ စစ်ကူတွေ ဘာတွေ မရှိလာဘူးဆိုတော့ သူတို့ ခြေကုပ်ယူတဲ့ စခန်းရဲ့ လုံခြုံရေးကိုပဲ ပိုပြီးတော့ သူတို့က အလေးပေးတော့တယ်လို့ ထင်တယ်။ ရဲစခန်းကို ဝင်ပစ်တဲ့အချိန် တပ်ကုန်းကိုလည်း ဝင်ပစ်နိုင်တယ် ဆိုပြီးတော့သူတို့လုံခြုံရေးအတွက်သူတို့ကတွက်ထားပုံရပါတယ်။ အဲဒါကြောင့် အဲဒီလောက်နီးတဲ့နေရာ တစ်မြို့တည်းမှာ နေတဲ့ဟာကို စစ်ကူမပေးတာက အဲဒီလိုပဲ ဖြစ်လိမ့်မယ်ထင်တယ်။

Public Service Announcement
Public Service Announcement

​မေး- စခန်းသိမ်းတိုက်ခိုက်မှုက စလာပြီ နောက်ဆို ပိုပြင်းထန်တဲ့ စစ်ရေးကို ဖော်ဆောင်မယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က အသိပေးထားတော့ ကျန်တဲ့ စစ်ကောင်စီတပ်သားတွေ ရဲတွေကို ဘာပြောလိုပါသလဲ။

​ဖြေ-အဲဒီစစ်ကောင်စီနဲ့ ရဲတပ်သားတွေ အားလုံးကိုပြောချင်တာက မြေပြင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေလည်း သိမှာပါ စိတ်ဓာတ်ရေးရာ အရသော်လည်းကောင်း မြေပြင် စစ်ရေးကျွမ်းကျင်မှုမှာသော်လည်းကောင်း ကျွန်​တော်တို့ လက်နက်အင်အားက မတူပေမယ့် ကျွန်​တော်တို့ဘက်က အသာစီးရနေပါတယ်။ အဲဒါက ရဲတွေရော စစ်ကောင်စီတပ်ဖွဲ့တွေရော အားလုံးသိပြီးသား ဖြစ်ပါတယ်။ သူတို့ဘက်က အဲဒီလို စစ်ကူတွေဘာတွေ လာနိုင်တဲ့ အနေအထားတော့ မရှိတော့ဘူး။ အဲဒါကြောင့် အကောင်းဆုံးကတော့ကျွန်​တော်တို့နဲ့ ဖြစ်နိုင်ရင် လာပြီးတော့ ပူးပေါင်းပါ။ ကျွန်​တော်တို့က ပြည်သူ့ဘက်က ရပ်တည်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းပါ။ စစ်ကောင်စီ ထဲမှာလည်း ပြည်သူ့ရဲထဲမှာလည်း ပြည်သူ့ဘက်က ပါဝင်ချင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလည်းရှိမယ် ပြည်သူ့ရဲတွေလည်းရှိမှာပါ။ နွေဦးတော်လှန်ရေးကတော့ ပြည်သူဘက်က အသာစီးရနေပါတယ်။ အဲဒါကြောင့် အချိန်မတိုင်ခင် စိတ်ဓာတ်တွေပြောင်းလဲပြီးပါဝင်ပူးပေါင်းရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိပါဘူး။ ကိုယ်တိုက်နေရတာ တိုင်းပြည်အတွက် မဟုတ်ဘဲ အနည်းငယ်သော စစ်ကောင်စီ ခေါင်းဆောင်တွေ အကျိုးစီးပွားအတွက်ပဲ လုပ်နေရတာကို ကောင်းကောင်းလေး သတိချပ် နားလည်ပေးကြပါ ကျနော်တို့နဲ့ လာရောက်ပူးပေါင်းပေးပါ အဲဒီလိုပဲ တိုက်တွန်းပြောချင်ပါတယ်။

​မေး-အခြားဘာတွေဖြည့်စွက်ပြောလိုပါသလဲ။

အခုအနေအထားကို ကြည့်လိုက်ရင် စစ်ကောင်စီ လှုပ်ရှားမှုကို ကြည့်လိုက်ရင် မြေပြင်မှာ သူတို့က အင်အားက တော်တော်ချိနဲ့နေပြီ။ ဝေဟင်ပဲ သူတို့က ပိုပြီးအားကိုးလာတော့တာ။ ဝေဟင်က ရေရှည်မှာ အတွေ့အကြုံအရ လေ့လာချက်အရ တိုက်ပွဲက အဆုံးအစွန်အထိ မအောင်မြင်နိုင်ပါဘူး။ ဒါက အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် စစ်ကောင်စီက အခုအနေအထားမှာ သူကျဆုံးတော့မယ့်အနေအထားမှာ မထူးဇာတ်ခင်းပြီး ပြည်သူကို မရှောင် အားလုံးကို သိမ်းကြုံးပြီး အကြမ်းဖက်ပြီးလုပ်နေတာ။ ပြီးတော့ ဒီနှစ်ထဲမှာလည်း သူတို့က ပြည်သူကို ခြိမ်းခြောက်ပြီးတော့ ကျနော်တို့ချင်းတောင်ဘက်ကိုလည်း မာရှယ်လောထုတ်ထားတယ်ဆိုတော့ အဲဒီလို ထုတ်ထားတဲ့နေရာတွေက ကျနော်တို့ စိုးမိုးနိုင်တဲ့နေရာတွေကို ထုတ်ထားတာ အဲဒါက ဘာမှ ထူးခြားမလာပါဘူး အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး ။ပြည်သူကို ခြိမ်းခြောက် သူတို့ စိုးမိုးတယ်ထင်တဲ့ သူတို့ ဂွင်ထဲမှာ ရှိတဲ့ ပြည်သူကို ခြိမ်းခြောက် ဖိအားပေးတာ။ သူတို့ဘက်က အောင်ပွဲက ရရှိမှာ မဟုတ်ပါဘူး။ သူတို့က အရှုံးဘက်ကို သွားနေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဒီနွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပူးပေါင်းကြဖို့ စိတ်ဓာတ်မကျကြဖို့ စစ်ကောင်စီ ဘယ်လိုပဲ လုပ်နေလုပ်နေ အာဏာသိမ်းပြီး နောက်ပိုင်း ၂နှစ်အတွင်း မာရှယ်လောပုံစံ အုပ်ချုပ်နေတာပဲ အခုတစ်ခါ ဒီမာရှယ်လော ထုတ်လိုက်တာဟာ ပိုပြီးတော့ ထူးခြားမလာပါဘူး။ အဲဒါကြောင့် ကျွန်​တော်တို့ တက်တက်ကြွကြွနဲ့အဆုံးတိုင်တိုက်ပွဲဝင်ကြဖို့ပဲရှိပတယ်။ အဲဒီလိုပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။