Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်တွင် စစ်ရှောင်အဘိုးအိုတစ်ဦး အမောဖောက်သေဆုံး

သရက်ချောင်းနယ် ရငဲတိုက်နယ်အတွင်းရှိ ကနက်သီရိ၊ ပိန္နဲကျွန်း၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ကတွဲ၊ ဆိပ်ချောင်း၊ ကညင်ချောင်းဝဲရစ်နှင့် ကမြိုင်စသည့် ကျေးရွာများသို့ စစ်ကောင်စီတပ်က ဇွန်လ ၈ ရက်ကစပြီး အဖွဲ့နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

(ယနေ့ ဇွန် ၁၅ ရက်တွင်တွေ့ရသော စစ်ဘေးရှောင်ပြည်သူများ။ ဓာတ်ပုံ -ပေးပို့)
(ယနေ့ ဇွန် ၁၅ ရက်တွင်တွေ့ရသော စစ်ဘေးရှောင်ပြည်သူများ။ ဓာတ်ပုံ -ပေးပို့)

▪️စစ်ရှောင် ၄,၀၀၀ကျော် ဆေးဝါးနှင့် စားဝတ်နေရေးခက်နေ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး ရုတ်တရက်အမောဖောက်ကာ နှလုံးရပ်သေဆုံးသွားကြောင်း အကူအညီပေးရေးလုပ်ဆောင်နေသူများက People’s Springသို့ ပြောသည်။

သရက်ချောင်းနယ် ရငဲတိုက်နယ်အတွင်းရှိ ကနက်သီရိ၊ ပိန္နဲကျွန်း၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ကတွဲ၊ ဆိပ်ချောင်း၊ ကညင်ချောင်းဝဲရစ်နှင့် ကမြိုင်စသည့် ကျေးရွာများသို့ စစ်ကောင်စီတပ်က ဇွန်လ ၈ ရက်ကစပြီး အဖွဲ့နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

အဆိုပါ စစ်ရှောင်ပြည်သူများအနက် ဝဲရစ်ကျေးရွာမှ အသက်(၈၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦး ပြေးလွှားရှောင်တိမ်းရင်း ဇွန်လ ၁၃ ရက် ညပိုင်းက အမောဖောက်ကာ အသက်ဆုံးပါးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“‌ဝဲရစ်ရွာက အသက်ရှစ်ဆယ် အဖိုးအိုတယောက် ဆုံးပါးသွားပါတယ်။ ဇွန် ၁၃ ရက်နေ့ည ကပါ။

Public Service Announcement

Public Service Announcement

အမောဖောက်ပြီး ဆုံးတာ။ သွေးတိုးနဲ့ နှလုံးရောဂါ အခံရှိပါတယ်”ဟု အကူအညီပေးရေးလုပ်ဆောင်နေသည့် သရက်ချောင်းဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့(ဇွန် ၁၅)နေ့လယ်ပိုင်းအထိ သိမ်ကုန်း၊ ဝဲရစ်နှင့် ကတွဲကျေးရွာများဘက်တွင် စစ်ကောင်စီတပ်များဆက်ရှိနေပြီး နံနက် ၈နာရီဝန်းကျင်က သေနတ်ပစ်သံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများက ဆိုသည်။

အထက်ပါ စစ်ဘေးရှောင်ကျေးရွာများအနက် မင်းဒပ်ကျေးရွာ သုဿန်အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များကြား ယမန်နေ့(ဇွန် ၁၄)ညနေပိုင်းက နှစ်ဘက်တိုက်ပွဲဖြစ်ပွားတိုက်ပွဲအခြေအနေကိုမူ People’s Spring ကဆက် လက်စုံစမ်းနေဆဲဖြစ်သည်။

“မင်းဒပ်ရွာ သုဿန်အနီးမှာဖြစ်တာပါ။ နာရီဝက်လောက် ပစ်ခတ်သံတွေ ရွာကနေ ကြားရပါတယ်။ လက်နက်ကြီး အသံက ရှစ်ချက် ကိုးချက်လောက်ကြားရပါတယ်။ ဖြစ်တာက ညနေ ၅ နာရီလောက်ပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သရက်ချောင်းမြို့နယ် ရငဲတိုက်နယ်အတွင်း စစ်ကောင်စီတပ်မှ ရွာစဥ်ပတ်စစ်ကြောင်းထိုးနေခြင်း၊ မိုးများအဆက်မပြတ်ရွာသွန်းခြင်းအပါအဝင် ဒေသခံပြည်သူများ ဘေးလွတ်ရာပြေးနေရခြင်းကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုး အကာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

“အဓိကကတော့ ဆန်နဲ့ ရိက္ခာ၊ ဆေးဝါး၊ ခြင်ထောင်တာလပါအမိုးကာပါ။ ဆေးဝါးဆို ပြတ်နေပါပြီ”ဟု စစ်ရှောင်အကူအညီပေးနေသူတစ်ဦးက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။