Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်၍ တစ်ဦးသေဆုံး၊ ၁၄ဦးထက်မနည်း ဒဏ်ရာရ

သရက်ချောင်းမြို့နယ်ရှိ ကနတ်သီရိကျေးရွာသို့ အင်အား ၁၀၀ ဖြင့်ဝင်ရောက်ခဲ့ပြီး ကျန်အင်အား ၅၀ ခန့်မှာ ကမြိုင်ကျေးရွာ၌ အထိုင်ချကာ ရငဲ၊ ကမြိုင်၊ မင်းကုန်းစသည့်ကျေးရွာများအပါအဝင် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေခြင်း ဖြစ်သည်။

(စစ်တပ်၏ လက်နက်ကြီးကျည်ဆထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရထားသူအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(စစ်တပ်၏ လက်နက်ကြီးကျည်ဆထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရထားသူအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

▪️ဒေသခံပြည်သူ ၂၀ခန့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားဟုဆို

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အင်အား ၁၅၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးသည့်အပြင် ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်မှုများရှိနေကြောင်း ဒေသခံပြည်သူများက People’s Spring သို့ ပြောသည်။

ထို့အပြင် စစ်ကြောင်းထိုးဝင်ရောက်စဥ် လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ကျည်ဆထိမှန်၍ ထိခိုက်ဒဏ်ရာရသူ ၁၄ဦးထက်မနည်းရှိကြောင်း ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့နယ်ရှိ ကနတ်သီရိကျေးရွာသို့ အင်အား ၁၀၀ ဖြင့်ဝင်ရောက်ခဲ့ပြီး ကျန်အင်အား ၅၀ ခန့်မှာ ကမြိုင်ကျေးရွာ၌ အထိုင်ချကာ ရငဲ၊ ကမြိုင်၊ မင်းကုန်းစသည့်ကျေးရွာများအပါအဝင် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေခြင်း ဖြစ်သည်။

ထိုသို့စစ်ကြောင်းထိုးစဥ် ကနတ်သီရိရွာမှ နေအိမ် ၅ လုံး၊ ရငဲရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ‌ဒေသခံပြည်သူ ၁၀၀ခန့်အား လူသားဒိုင်းအဖြစ်ဖမ်း ဆီးကာ စစ်ကြောင်းတလျှောက်ခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စုစုပေါင်း အဖမ်းခံရသူတွေက တစ်ရာနီးပါးရှိပေမဲ့ အခု ပြန်လွှတ်ပေးလိုက်သူတွေ ခြောက်ဆယ်ကျော်ရှိပါပြီ။ အခုလက်ရှိ ဖမ်းခံထားရဆဲလူတွေကတော့ ၂၀ နီးပါး ရှိပါသေးတယ်။ ရငဲရွာမှာ ဒီညနေအထိ ဖမ်းထားဆဲပါ”ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ယင်းစစ်ကြောင်းသည် ဇွန် ၁၁ ရက်(ယမန်နေ့)ညနေ ၅ နာရီခန့်တွင် ကနတ်သီရိရွာမှ ထွက်ခွာသွားပြီး ယနေ့ (ဇွန် ၁၂)တွင် သိမ်ကုန်းနှင့် ဝဲရစ်ကျေးရွာကြားသို့ ရောက်ရှိလာရာ PDF ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံမှစုံစမ်းသိရသော်လည်း တိုက်ပွဲအခြေအပြည့်အစုံအား မသိရသေးပေ။

စစ်ကောင်စီတပ်များသည် ဇွန်လ ၉ ရက်မှစတင်ပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်စဥ်နှင့် ပြန်လည်ထွက်ခွာချိန်များတွင် သေနတ်ပစ်ဖောက်ဝင်ရောက်ခြင်း၊ လမ်းတလျှောက်လက်နက်ကြီးများပစ်ခတ်ခြင်းအပြင် လမ်းတွေ့သည်ပြည်သူများအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းအပြင် ပစ်သတ်ခြင်းများလည်းရှိနေသည်ဟု ဆိုသည်။

ယင်းဖြစ်စဥ်များအနက် ယမန်နေ့(ဇွန် ၁၁)ကလည်း မိခင်ကျန်းမာရေးအတွက် လိုအပ်သည့်ဆေးဝါးများအား စစ်ဘေးရှောင်နေရာမှ နေအိမ်သို့ ဆေးဝါးပြန် ယူရန်လာသည့် ကနတ်သီရိရွာမှ (၂၃)နှစ်အရွယ် မောင်ဝေယံဟိန်းသည် စစ်ကောင်စီတပ်နှင့်ထိပ် တိုက်တွေ့ပြီး ပစ်သတ်ခံခဲ့ရသည်။

“(စစ်တပ်က ပစ်သတ်ခံရမှု)ဟုတ်တယ်ခင်ဗျာ။ သူ့ကို လူကြီးတွေက မသွားနဲ့တားကြပါသေးတယ်။ အဲဒီကြားထဲကနေ ခုလိုဖြစ်သွားတာ”ဟု ကနတ်သီရိကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီတပ်များ ကျေးရွာများသို့ ဝင်ရောက်လာစဥ် ထွက်ပြေးတိမ်ရှောင်လာသည့်အဘိုးအိုတစ်ဦး စစ်တပ်နှင့်ပက်ပင်းတွေကာ ရိုက်နှက်ခံရပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိသကဲ့သို့ စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ဆထိမှန်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေရသူ ၁၄ ဦးထက်မနည်းရှိနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကနတ်သီရိမှ စစ်ကောင်စီတပ်စစ်ကြောင်း ထွက်ခွာသွားပြီဖြစ်သော်လည်း ဒေသခံပြည်သူအများစုမှာ နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။