Connect with us

Hi, what are you looking for?

သတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပြည်လုံးကျွတ်ပန်းသပိတ် ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်

အဆိုပါ ဇွန်လ ၁၉ ရက်တွင် ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်များ၊ Social Influencers များကလည်း လူထုကို “ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ” အစရှိသည့် တော်လှန်အားဖြည့် သီချင်းများကို ဆိုတီးခြင်းနှင့် ဖျော်ဖြေတင်ဆက်မှုအချို့တို့ကိုလည်း ပြုလုပ်ကြမည် ဖြစ်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပြည်လုံးကျွတ်ပန်းသပိတ် ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပြည်လုံးကျွတ်ပန်းသပိတ် ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်

လာမည့် ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်လုံးကျွတ် ပန်းသပိတ် ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်းနှိုးဆော်သည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မဖမ်းဆီးခံထားရသည့် ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစားအောက်မေ့ခြင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းခြင်းတို့အားဖြင့် ပြည်သူလူထုအားလုံးက ပန်းသပိတ်လူထုလှုပ်ရှားမှုကြီးကို ပြ​ည်လုံးကျွတ်ဖော်ဆောင်ကြရန် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း တိုက်တွန်းခဲ့သည်။

“ဒီပန်းသပိတ်လှုပ်ရှားမှုရဲ့ အဓိပ္ပာယ်က ကျွန်တော်တို့ လူထုက စစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးမှာ နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ စစ်မိစ္ဆာတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်။ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။ နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ ရက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို ကမ္ဘာကရော၊ မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး ရှုမြင်တတ်ကြတာမို့ပါ”ဟု ဒေါက်တာတေဇာဆန်းက ဆိုသည်။

အဆိုပါ ဇွန်လ ၁၉ ရက်တွင် ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်များ၊ Social Influencers များကလည်း လူထုကို “ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ” အစရှိသည့် တော်လှန်အားဖြည့် သီချင်းများကို ဆိုတီးခြင်းနှင့် ဖျော်ဖြေတင်ဆက်မှုအချို့တို့ကိုလည်း ပြုလုပ်ကြမည် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းပန်းသပိတ်ကမ်ပိန်းကို အွန်လိုင်း၊ Offline နှစ်မျိုးလုံး ပြုလုပ်မည် ဖြစ်ပြီး ပြည်သူများအနေဖြင့် ဘုရားပန်းအိုးအသစ်တင်ခြင်း၊ အိမ်တွင်း၊ အိမ်ပြင်နှင့် အိမ်ရှေ့တိုင်း၌ ပန်းများထိုးခြင်း၊ ပန်းအလှ ချိတ်ဆွဲပြင်ဆင်ခြင်၊ အမျိုးသမီးများက ပန်းပန်ခြင်း၊ အမျိုးသားများက ရင်ဘတ်၌ ပန်းထိုးခြင်း တို့ဖြင့် ပူးပေါင်းပါဝင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ GSCB ကလည်း နှိုးဆော်ခဲ့သည်။

“လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတွေက ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျွန်တော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး အုံးအုံးကြွကြွ သက်သေပြလိုက်ကြပါစို့” ဟု ရေဘဝဲ ပြ​ည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းကလည်း တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။