Connect with us

Hi, what are you looking for?

သတင်း

ကလေးဝ၊ စခန်းကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီ အထိနာပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများစွာရဟု NUG ကာကွယ်ရေး ထုတ်ပြန်

ခမရ -၃၆၂(ကျီကုန်းအခြေစိုက်)၊ရဲနှင့်ပျုစောထီးအင်အား (၁၃၀)ဦးခန့်ပါသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ တိုက်ပွဲအတွင်း Faw ကား(၂)စီးမီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ့ထိခိုက်​​သေဆုံးကို စိစစ်ဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-NUG)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-NUG)

▪︎စစ်ကောင်စီတပ်ကား ၂စီးကို ဖျက်ဆီးနိုင်ခဲ့ဟု အသိပေး

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်၊ စခန်းကြီးရွာအနီး ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးများ အထိနာကာ ရန်သူ့ထံမှ လက်နက် ကြီး တစ်လက် အပါအဝင် လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

“ကျွန်တော်တို့ကြားတာ စစ်တပ်ဘက်က တော်တော်သေတယ်။ ၄၀လောက်ကို သေတယ်။ ဒဏ်ရာရတာတွေ၊ ထွက်ပြေးတာတွေလည်း ရှိတယ်” ဟုကလေးဝမြို့ဒေသခံတစ်ဦးကပြောသည်။

ဇွန်လ(၁၆)ရက်နေ့ မနက်ပိုင်းတွင်ကလေးဝမြို့နယ်၊စခန်းကြီးရွာအနီးတွင် ကလေးဝမြို့မှ တစ်ဆင့် မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်းလူ၊လက်နက်၊ရိက္ခာ ပို့ရန် Faw ကား( ၃)စီးဖြင့်လာသည့်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (ကလေးခရိုင်) အမှတ်(၉) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ခမရ -၃၆၂(ကျီကုန်းအခြေစိုက်)၊ရဲနှင့်ပျုစောထီးအင်အား (၁၃၀)ဦးခန့်ပါသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ တိုက်ပွဲအတွင်း Faw ကား(၂)စီးမီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ့ထိခိုက်​​သေဆုံးကို စိစစ်ဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၂ နာရီဝန်းကျင်ကြာ​သောတိုက်ပွဲတွင် ရန်သူ့ထံမှ MA-(11) (၂)လက်၊ G-3 (၂)လက်၊ MA-11 ကျည်ဘောက် (၃)ခု၊ G-3 ကျည်ဘောက် (၆)ခု၊ MG (3) ငါးကြင်းမြှီး (၁)လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း (၁)လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅) လုံး၊ .38 Webly Wesson (၆)လုံးပြူး (၁)လက်၊ Jammer (၁) လုံး၊ M-14 နင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး အလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(စစ်ရုံးချုပ်)က အသိပေးသည်။

အဆိုပါတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို အတိအကျမသိရသေးသော်လည်း အကျအဆုံးများသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (ကလေးခရိုင်) အမှတ်(၉) တပ်ရင်း၊ ကလေး၀ PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယနေ့(ဇွန် ၁၇)တွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။