Connect with us

Hi, what are you looking for?

သတင်း

သမာဓိရွှေဆိုင်ဝန်ထမ်းအမျိုးသမီး ၁၃ဦး ပန်းသပိတ် ပြုလုပ်သည်ဆိုကာ စစ်တပ်က မတရားဖမ်းဆီး

စစ်ကောင်စီက ပိတ်ပင်တားမြစ်ရန် ကြိုးပမ်းခဲ့ပြီး လမ်းဆုံများတွင်လည်း စစ်ကားများရပ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ဆိုသည်။

သမာဓိရွှေဆိုင်
သမာဓိရွှေဆိုင်

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ သမာဓိရွှေဆိုင်မှ ဝန်ထမ်းအမျိုးသမီး ၁၃ဦး ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ ယနေ့ (ဇွန်လ ၁၉) ညနေပိုင်း၌ စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ညနေ ၃ နာရီကျော်တွင် စစ်ကောင်စီဝင်များက ပန်းဘဲတန်းမြို့နယ် (၁)ရပ်ကွက်ရှိ သမာဓိရွှေဆိုင်မှ ဝန်ထမ်းအမျိုးသမီး ရှစ်ဦးနှင့် (၇)ရပ်ကွက် မဟာဗန္ဓုလလမ်းနှင့် ၂၉ လမ်းထိပ်ရှိ သမာဓိရွှေဆိုင်မှ ဝန်ထမ်းအမျိုးသမီးငါးဦး စုစုပေါင်း ၁၃ဦးကို စစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ကလေးမလေးတွေက သူတို့ဘာသာ ခေါင်းမှာ ပန်းတွေ ပန်ထားကြတာပါ။ ဒါကို ဘယ်သူက ဒလန်သတင်းပေးလိုက်လည်း မသိဘူး။ နှင်းဆီပန်းဝေနေတယ်။ ပန်းသပိတ်လုပ်နေပါတယ် ဆိုပြီး လာဖမ်းသွားတာလို့ သိရတယ်။ အခုတော့ ပန်းဘဲတန်းရဲစခန်းကို ဖမ်းသွားပြီး စစ်နေတယ်လို့တော့ ကြားပါတယ်”ဟု ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီဝင်များက ကမာရွတ်မြို့နယ် (၈)ရပ်ကွက်ရှိ Junction Square ဧရိယာအနီးနှင့် ဆင်မလိုက်စျေးတို့တွင်လည်း ပန်းပန်ထားသည့် အမျိုးသမီးအချို့နှင့် ပန်းရောင်းသူ စျေးသည် အချို့တို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများမှတဆင့် သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့ ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၈)နှစ်ပြည့် မွေးနေ့ အဖြစ် နိုင်ငံတဝန်းရှိ ပြည်သူများက ပန်းသပိတ်လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီက ပိတ်ပင်တားမြစ်ရန် ကြိုးပမ်းခဲ့ပြီး လမ်းဆုံများတွင်လည်း စစ်ကားများရပ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။