Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သမာဓိရွှေဆိုင်ဝန်ထမ်းအမျိုးသမီး ၁၃ဦး ပန်းသပိတ် ပြုလုပ်သည်ဆိုကာ စစ်တပ်က မတရားဖမ်းဆီး

စစ်ကောင်စီက ပိတ်ပင်တားမြစ်ရန် ကြိုးပမ်းခဲ့ပြီး လမ်းဆုံများတွင်လည်း စစ်ကားများရပ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ဆိုသည်။

သမာဓိရွှေဆိုင်
သမာဓိရွှေဆိုင်

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ သမာဓိရွှေဆိုင်မှ ဝန်ထမ်းအမျိုးသမီး ၁၃ဦး ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ ယနေ့ (ဇွန်လ ၁၉) ညနေပိုင်း၌ စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ညနေ ၃ နာရီကျော်တွင် စစ်ကောင်စီဝင်များက ပန်းဘဲတန်းမြို့နယ် (၁)ရပ်ကွက်ရှိ သမာဓိရွှေဆိုင်မှ ဝန်ထမ်းအမျိုးသမီး ရှစ်ဦးနှင့် (၇)ရပ်ကွက် မဟာဗန္ဓုလလမ်းနှင့် ၂၉ လမ်းထိပ်ရှိ သမာဓိရွှေဆိုင်မှ ဝန်ထမ်းအမျိုးသမီးငါးဦး စုစုပေါင်း ၁၃ဦးကို စစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ကလေးမလေးတွေက သူတို့ဘာသာ ခေါင်းမှာ ပန်းတွေ ပန်ထားကြတာပါ။ ဒါကို ဘယ်သူက ဒလန်သတင်းပေးလိုက်လည်း မသိဘူး။ နှင်းဆီပန်းဝေနေတယ်။ ပန်းသပိတ်လုပ်နေပါတယ် ဆိုပြီး လာဖမ်းသွားတာလို့ သိရတယ်။ အခုတော့ ပန်းဘဲတန်းရဲစခန်းကို ဖမ်းသွားပြီး စစ်နေတယ်လို့တော့ ကြားပါတယ်”ဟု ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီဝင်များက ကမာရွတ်မြို့နယ် (၈)ရပ်ကွက်ရှိ Junction Square ဧရိယာအနီးနှင့် ဆင်မလိုက်စျေးတို့တွင်လည်း ပန်းပန်ထားသည့် အမျိုးသမီးအချို့နှင့် ပန်းရောင်းသူ စျေးသည် အချို့တို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများမှတဆင့် သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့ ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၈)နှစ်ပြည့် မွေးနေ့ အဖြစ် နိုင်ငံတဝန်းရှိ ပြည်သူများက ပန်းသပိတ်လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီက ပိတ်ပင်တားမြစ်ရန် ကြိုးပမ်းခဲ့ပြီး လမ်းဆုံများတွင်လည်း စစ်ကားများရပ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။