Connect with us

Hi, what are you looking for?

သတင်း

ရေး – သံဖြူဇရပ်ကြားတွင် ပူးပေါင်းတပ်က နေ့စဉ်လုံခြုံရေးယူ စောင့်ကြည့်စစ်ဆေးနေဟု NUG အသိပေး

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်၍ ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန်လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားသည်။

(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - MOD-NUG)
(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - MOD-NUG)

မွန်ပြည်နယ်ရှိ ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ မော်လမြိုင် – ရေး – ထားဝယ် (အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကြောင်းများနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)တို့ ပူးပေါင်းကာ နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ် ကယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၁၈ ရက်ကစတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် နေရာနှစ်ခုခွဲ၍ စစ်ဆေးလျက်ရှိပြီး ရန်သူ့တပ်နှင့်ဆက်နွယ်သူ လေးဦးကို ဖမ်းဆီးရမိထားကြောင်း၊ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - MOD-NUG)
(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ – MOD-NUG)

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်၍ ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန်လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားသည်။

ယခုပူးပေါင်းတပ်ဖွဲ့များ စစ်ဆေးမှုပြုလုပ်နေသည့် ရေး – သံဖြူဇရပ်ကြား နေရာများသည် စစ်ကောင်စီတပ်ရင်း (၃)ရင်းနှင့် မိုင်အနည်းငယ်သာကွာသည့် နေရာများဖြစ်သည်ဟု မွန်ပြည်နယ် စစ်ရေးသတင်းရင်းမြစ်က ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

ပုံမှန်အားဖြင့် ထိုသို့ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားနေပါက နာရီပိုင်းအတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားမှုရှိနိုင်သော်လည်း လက်တွေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - MOD-NUG)
(ရေးမြို့နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးနေစဥ်။ ဓာတ်ပုံ – MOD-NUG)

“တချိန်ကစကစတွေပဲ အဲဒီလမ်းကိုစိုးမိုးထားတယ်။အဲဒီလမ်းပေါ်မှာ စိုးမိုးထားနေပါလျက်နဲ့ စကစက ဘာမှဝင်မလုပ်နိုင်ဘူးဆိုတော့ အကြောင်းတခုခုရှိတယ်ထင်တယ်”ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောကြားထားသည်။

Public Service Announcement
Public Service Announcement

KNUလက်အောက်ခံ KNLAတပ်မဟာ(၆)တပ်ရင်း(၂၇)ကလည်း အဆိုပါ အမှတ်(၈) လမ်းမကြီးတလျှောက်သွာလာနေသည့်ယာဉ်များကိုစစ်ဆေးမှုများ ဇွန်လ ၁၅ရက်နောက်ပိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၈ရက်က အမိန့်ထုတ်ပြန်ထားပြီး ထိုသို့ထုတ်ပြန်ထားသည့်အတိုင်း စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။