Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရိက္ခာတင်ယာဉ်တန်း ကျောက်ထုနှင့် မင်းတပ်မြို့ဘက်သို့ ဦးတည်လာနေ၍ ‌လမ်းတလျောက် ဒေသခံများ သတိရှိကြရန် CDF သတိပေး

မင်းတပ်မြို့ စံမင်းသီရိကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် CDF တို့ ဇွန်လ ၁၈ရက် ညကတစ်ကြိမ်၊ဇွန်လ ၁၉ရက်တွင် မင်းတပ်မြို့ ထွေအုပ်ရုံးအနီး တစ်ကြိမ် တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

(မတူပီမှ မင်းတပ်မြို့သို့လာသည့်စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ ဧပြီက တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(မတူပီမှ မင်းတပ်မြို့သို့လာသည့်စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ ဧပြီက တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

ပခုက္ကူမြို့မှထွက်လာသော စစ်ကောင်စီရိက္ခာတင်ယာဉ် ၉ စီးပါယာဉ်တန်းအား အင်အား ၁၀၀ ကျော် လုံခြုံရေးယူပြီး ကျောက်ထုနှင့် မင်းတပ်မြို့ဘက်သို့ ဦးတည်လာနေ၍ ‌လမ်းတလျောက်ဒေသခံများ သတိရှိကြရန် CDF မင်းတပ်က သတိပေးသည်။

“အဲ့ဒီယာဉ်တန်းမှာ ကားကိုးစီးပါတယ်။ ခြေလျင်နဲ့ လုံခြုံရေးလိုက်ပါလာတာက ၁၀၀ကျော်တယ်။ ကျောက်ထုကို သေချာပေါက်ဝင်မှာပါ။ အဲ့ဒီကနေ မင်းတပ်ဘက် ဆက်တက်မတက် မသိရသေးဘူး” ဟု CDF မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက သတိပေးသည်။

စစ်ကောင်စီယာဥ်တန်းတွင် ခုနစ်စီးတွင် ထောက်ပို့ပစ္စည်းများတင်ဆောင်လာပြီး နှစ်စီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်ဆောင်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတင်းရရှိထားသည်။

Public Service Announcement
Public Service Announcement

အ‌ဆိုပါစစ်ကြောင်းသည် ယနေ့(ဇွန်လ ၂၁ရက်) က ကျောက်ထုနယ်တွင် စစ်ကြောင်းသုံးခုခွဲကာ လမ်းဘေးတစ်ဝဲယာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု သတင်းရရှိသည်။ပြည်သူများအနေဖြင့် သွားလာခြင်းမပြုကြရန် ဒေသခံကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ထန်တလန်မြို့သို့လည်း စစ်ကောင်းနှစ်ကြောင်းဖြင့် ဦးတည်လာနေရာ ချင်းကာကွယ်‌ရေးပူးပေါင်းတပ်များက ပိတ်ဆို့ဟန့်တားထားသည်။

မင်းတပ်မြို့ စံမင်းသီရိကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် CDF တို့ ဇွန်လ ၁၈ရက် ညကတစ်ကြိမ်၊ဇွန်လ ၁၉ရက်တွင် မင်းတပ်မြို့ ထွေအုပ်ရုံးအနီး တစ်ကြိမ် တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။