Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာပ ဓားပြမှုနှင့်ပတ်သက်၍ စွပ်စွဲမှုအပေါ် PDF တွံတေး ရှင်းလင်း

မြောက်ဥက္ကလာပမြို့နယ် မြတ်မောင်စိန် ရွှေဆိုင်ဓားပြတိုက်သည့် ဖြစ်စဉ်မှ ဖမ်းဆီးခံရသူများက ယင်းကိစ္စကို PDF တွံတေး ခေါင်းဆောင် ဗိုလ်ဆံရှည် (ခ) ကိုထက်နှင့် ချမ်းမြေ့အောင်တို့က လက်နက်များပေးခဲ့သည်ဟု ထွက်ဆိုကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ဖော်ပြထားသည်။

(မြောက်ဥက္ကလာပမြို့နယ်မှ ရွှေဆိုင်ဓားပြတိုက်သူအား CCTV မှတဆင့်တွေ့ရစဥ်)
(မြောက်ဥက္ကလာပမြို့နယ်မှ ရွှေဆိုင်ဓားပြတိုက်သူအား CCTV မှတဆင့်တွေ့ရစဥ်)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ ရွှေဆိုင်ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ တွံတေးမြို့ပြပြောက်ကျားအဖွဲ့အပေါ် စွပ်စွဲခြင်းမှာ တော်လှန်ရေးပုံဖျက်ချင်သောကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း PDF တွံတေးတာဝန်ခံ ဗိုလ်တွံတေးက ပြောသည်။

“ရန်ကုန်တိုင်းကို စစ်ကောင်စီက အမျိုးအမျိုးဖိနှိပ်နေတာဖြစ်ပြီး တောင်ပိုင်းခရိုင်မှာမှတော်လှန်ရေးအားကောင်းတဲ့မြို့ဖြစ်နေတဲ့အတွက် ပုံဖျက်ချင်တာ၊ ပြည်သူအထင်အမြင်လွဲအောင်လုပ်ချင်တာလို့ ယူဆပါတယ်။ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာမှ တွံတေးဇာတိသားတွေပါတယ်ဆိုတာအပေါ်အကြောင်းပြုပြီးတော့မှ ပုံဖျက်ဖို့ကြိုးစားတယ်လို့ မြင်ပါတယ်”ဟု ၎င်းကပြောသည်။

မြောက်ဥက္ကလာပမြို့နယ် မြတ်မောင်စိန် ရွှေဆိုင်ဓားပြတိုက်သည့် ဖြစ်စဉ်မှ ဖမ်းဆီးခံရသူများက ယင်းကိစ္စကို PDF တွံတေး ခေါင်းဆောင် ဗိုလ်ဆံရှည် (ခ) ကိုထက်နှင့် ချမ်းမြေ့အောင်တို့က လက်နက်များပေးခဲ့သည်ဟု ထွက်ဆိုကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ဖော်ပြထားသည်။

ထို့ကြောင့် PDF တွံတေးက ယင်းကိစ္စနှင့်ပတ်သတ်သည့်ရှင်းလင်းချက်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းဓားပြမှုတွင် ဖမ်းဆီးခံထားရသူများသည် ၎င်းတို့အဖွဲ့ဝင်များမဟုတ်သလို အဖွဲ့ခေါင်းဆောင်များက လက်နက်ပေး၍ ဓားပြတိုက်ခိုင်းသည်ဟုဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ရှင်းလင်းထားပြီး ယင်းကဲ့သို့ စွပ်စွဲခြင်းသည် တွံတေးမြို့နယ်တော်လှန်ရေးအင်အားစုများ ပြိုလဲပျက်စီးစေရန်နှင့် အများပြည်သူအထင်အမြင်လွဲမှားစေရန် တော်လှန်ရေးပုံဖျက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“PDF တွံတေး (တွံတေးပကဖ)မှာပါဝင်နေသူရဲဘော်တိုင်းဟာ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အဖွဲ့ဝင် ကုဒ်နံပါတ်ရရှိပြီး သူတွေချည်းပါပဲ။ ဖမ်းဆီးခံရသူတွေဟာ PDF တွံတေး (တွံတေး ပကဖ)အနေနဲ့ရော ရန်ကုန် ပကဖအနေနဲ့ရော အဖွဲ့ဝင်ကုဒ်ထွက်ထားသူတွေမဟုတ်ကြပါဘူးဗျ”ဟု ဗိုလ်တွံတေးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ