Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာပ ဓားပြမှုနှင့်ပတ်သက်၍ စွပ်စွဲမှုအပေါ် PDF တွံတေး ရှင်းလင်း

မြောက်ဥက္ကလာပမြို့နယ် မြတ်မောင်စိန် ရွှေဆိုင်ဓားပြတိုက်သည့် ဖြစ်စဉ်မှ ဖမ်းဆီးခံရသူများက ယင်းကိစ္စကို PDF တွံတေး ခေါင်းဆောင် ဗိုလ်ဆံရှည် (ခ) ကိုထက်နှင့် ချမ်းမြေ့အောင်တို့က လက်နက်များပေးခဲ့သည်ဟု ထွက်ဆိုကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ဖော်ပြထားသည်။

(မြောက်ဥက္ကလာပမြို့နယ်မှ ရွှေဆိုင်ဓားပြတိုက်သူအား CCTV မှတဆင့်တွေ့ရစဥ်)
(မြောက်ဥက္ကလာပမြို့နယ်မှ ရွှေဆိုင်ဓားပြတိုက်သူအား CCTV မှတဆင့်တွေ့ရစဥ်)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ ရွှေဆိုင်ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ တွံတေးမြို့ပြပြောက်ကျားအဖွဲ့အပေါ် စွပ်စွဲခြင်းမှာ တော်လှန်ရေးပုံဖျက်ချင်သောကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း PDF တွံတေးတာဝန်ခံ ဗိုလ်တွံတေးက ပြောသည်။

“ရန်ကုန်တိုင်းကို စစ်ကောင်စီက အမျိုးအမျိုးဖိနှိပ်နေတာဖြစ်ပြီး တောင်ပိုင်းခရိုင်မှာမှတော်လှန်ရေးအားကောင်းတဲ့မြို့ဖြစ်နေတဲ့အတွက် ပုံဖျက်ချင်တာ၊ ပြည်သူအထင်အမြင်လွဲအောင်လုပ်ချင်တာလို့ ယူဆပါတယ်။ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာမှ တွံတေးဇာတိသားတွေပါတယ်ဆိုတာအပေါ်အကြောင်းပြုပြီးတော့မှ ပုံဖျက်ဖို့ကြိုးစားတယ်လို့ မြင်ပါတယ်”ဟု ၎င်းကပြောသည်။

မြောက်ဥက္ကလာပမြို့နယ် မြတ်မောင်စိန် ရွှေဆိုင်ဓားပြတိုက်သည့် ဖြစ်စဉ်မှ ဖမ်းဆီးခံရသူများက ယင်းကိစ္စကို PDF တွံတေး ခေါင်းဆောင် ဗိုလ်ဆံရှည် (ခ) ကိုထက်နှင့် ချမ်းမြေ့အောင်တို့က လက်နက်များပေးခဲ့သည်ဟု ထွက်ဆိုကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ဖော်ပြထားသည်။

ထို့ကြောင့် PDF တွံတေးက ယင်းကိစ္စနှင့်ပတ်သတ်သည့်ရှင်းလင်းချက်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းဓားပြမှုတွင် ဖမ်းဆီးခံထားရသူများသည် ၎င်းတို့အဖွဲ့ဝင်များမဟုတ်သလို အဖွဲ့ခေါင်းဆောင်များက လက်နက်ပေး၍ ဓားပြတိုက်ခိုင်းသည်ဟုဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ရှင်းလင်းထားပြီး ယင်းကဲ့သို့ စွပ်စွဲခြင်းသည် တွံတေးမြို့နယ်တော်လှန်ရေးအင်အားစုများ ပြိုလဲပျက်စီးစေရန်နှင့် အများပြည်သူအထင်အမြင်လွဲမှားစေရန် တော်လှန်ရေးပုံဖျက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“PDF တွံတေး (တွံတေးပကဖ)မှာပါဝင်နေသူရဲဘော်တိုင်းဟာ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အဖွဲ့ဝင် ကုဒ်နံပါတ်ရရှိပြီး သူတွေချည်းပါပဲ။ ဖမ်းဆီးခံရသူတွေဟာ PDF တွံတေး (တွံတေး ပကဖ)အနေနဲ့ရော ရန်ကုန် ပကဖအနေနဲ့ရော အဖွဲ့ဝင်ကုဒ်ထွက်ထားသူတွေမဟုတ်ကြပါဘူးဗျ”ဟု ဗိုလ်တွံတေးက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီစခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတာလည်း အချိန်တခုကြာခဲ့ပြီ။ သူက PDFလည်းမဟုတ်ဘဲ သာမန်ပြည်သူတစ်ဦးပါ။

News Story

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးသုံးဦးလိုက်ရှာနေသည့် စစ်ကောင်စီတပ်စိပ်နှင့် PDF တပ်ဖွဲ့များ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။