Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ယနေ့ ဧပြီ ၅ ရက်နံနက် ၅ နာရီခွဲခန့်က မြောက်ဥက္ကလာ (င)ရပ်ကွက် သုဓမ္မာလမ်းပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(မြောက်ဥက္ကလာ (င)ရပ်ကွက်ရုံးအား ညပိုင်းတွေ့မြင်ရစဥ်နှင့် ညရပ်ကွက်ရုံးကို​နေ့ခင်းပိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ၊ North Okkalapa Information)
(မြောက်ဥက္ကလာ (င)ရပ်ကွက်ရုံးအား ညပိုင်းတွေ့မြင်ရစဥ်နှင့် ညရပ်ကွက်ရုံးကို​နေ့ခင်းပိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ၊ North Okkalapa Information)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နှင့် (ည) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့ ဧပြီ ၅ ရက်နံနက် ၅ နာရီခွဲခန့်က မြောက်ဥက္ကလာ (င)ရပ်ကွက် သုဓမ္မာလမ်းပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ (င)ရပ်ကွက်ရုံးဘေးက တာယာဆိုင်ရှေ့မှာ လာခွဲသွားတာ။ အထိအခိုက်မရှိဘူး။ (ရုံးထဲ)အစောင့်တွေတော့ရှိတယ်။ ရုံးဂျူတီ ရာအိမ်မှူးတွေပေါ့” ဟု မြောက်ဥက္ကလာပမှ ဒေသခံပြည်သူတစ်ဦးက People’s Spring သို့ ပြောသည်။

(မြောက်ဥက္ကလာ (င)ရပ်ကွက်ရုံးအား ညပိုင်းတွေ့မြင်ရစဥ်နှင့် ညရပ်ကွက်ရုံးကို​နေ့ခင်းပိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ၊ North Okkalapa Information)
(မြောက်ဥက္ကလာ (င)ရပ်ကွက်ရုံးအား ညပိုင်းတွေ့မြင်ရစဥ်နှင့် ညရပ်ကွက်ရုံးကို​နေ့ခင်းပိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ၊ North Okkalapa Information)

အဆိုပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် မိန်းလမ်းမကြီးတစ်ခုပေါ်တွင်ရှိသည့် ရုံးတစ်ရုံးဖြစ်ပြီး မြို့ပြတော် လှန်ရေးအဖွဲ့ UG များ၏ တိုက်ခိုက်ခြင်းကို မကြာခဏခံရလေ့ရှိသောကြောင့် ရုံးရှေ့တွင် သဲအိတ်ဘန်ကားများ၊ ဇာပိုက်စိမ်းများဖြင့် ကာရံထားပြီး နေ့ညအစောင့်ချ ထား​လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူဧပြီ ၅ ရက် နံနက် ၅ နာရီခွဲ ဝန်းကျင်မှာပင်မြောက်ဥက္ကလာပမြို့နယ်(ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း ဗုံး ပစ် တိုက် ခိုက် ခဲ့​ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ( ၂) က ထုတ်ပြန်သည်။ထို​ကြောင့် တစ်ချိန်တည်းတွင် ည ရပ်ကွက်နှင့် င ရပ်ကွက်ရုံးများ ဗုံးတိုက်ခိုက်ခံရခြင်းဖြစ်သည်၊

Public Service Announcement
Public Service Announcement

ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကိုဆက်လက်အရှိန်မြင့်တိုက် ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗုံးပေါက်ကွဲသံကျယ်လောင်ခဲ့​သော်လည်း ထိ့ခိုက်မှု ကြီးကြီးမားမားမရှိ​ကြောင်း​ဒေသခံများက​ပြောသည်။

ထို့အပြင် ယနေ့နံနက် ၅ နာရီ ၄၀ ခန့်ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအား အတိအကျမသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ပြီးနောက် လာရောက်စစ်ဆေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame ၏တာဝန်ခံက ပြောသည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။