Connect with us

Hi, what are you looking for?

သတင်း

မူးယစ်ဆေးဝါးမီးရှို့ပွဲမှာ ကျောင်းသားကျောင်းသူအချို့ မူးမေ့လဲကျ

အဲဒီပွဲကိုတက်ရောက်ရတဲ့ ကျောင်းသား ၊ကျောင်းသူ တွေ မူးမေ့လဲကျတာ ၊ သတိလစ်တာတွေ ဖြစ်ခဲ့တယ်လို့ တောင်ကြီးမြို့ ကြက်ခြေနီက ဓာတ်ပုံတွေနဲ့ ဖော်ပြပါတယ်။

ဓာတ်ပုံ − တောင်ကြီးမြို့ ကြက်ခြေနီ
ဓာတ်ပုံ − တောင်ကြီးမြို့ ကြက်ခြေနီ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ စစ်ကောင်စီက ကြီးမှူးကျင်းပတဲ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲကို တက်ရောက်ရတဲ့ ကျောင်းသား၊ကျောင်းသူ ၁၀ ဦးထက်မနည်းမူးမေ့လဲကျလို့ ဆေးရုံမှာ ဆေးကုသမှု ခံယူလိုက်ရပါတယ်။

မနေ့( ဇွန်လ ၂၆ ) ရက်က တောင်ကြီးမြို့ ၊အဝေရာမီးပုံးပျံကွင်းမှာ စစ်ကောင်စီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်တာပါ။

အဲဒီပွဲကိုတက်ရောက်ရတဲ့ ကျောင်းသား ၊ကျောင်းသူ တွေ မူးမေ့လဲကျတာ ၊ သတိလစ်တာတွေ ဖြစ်ခဲ့တယ်လို့ တောင်ကြီးမြို့ ကြက်ခြေနီက ဓာတ်ပုံတွေနဲ့ ဖော်ပြပါတယ်။

ဆေးရုံဆီကို ကျောင်းသား၊ကျောင်းသူ ၁၃ ဦး ပို့ဆောင်လိုက်ရတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းသူ၊ကျောင်းသားတွေဟာ ပွဲမစခင် မနက်အစောပိုင်းကတည်းက လာရတာဖြစ်လို့ အစာမရှိတာ ၊ မူးယစ်ဆေးဝါးတွေ မီးရှို့လို့ထွက်လာတဲ့အနံ့အသက်တွေကြောင့် မူးမေ့လဲကုန်တာလို့ ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့သူ တစ်ဦးကပြောပါတယ်။

ဆေးရုံတက်ရသူ ကျောင်းသား၊ကျောင်းသူ ၁၃ ဦးထဲမှာ ၅ ဦးဟာ ဆေးရုံကနေ ဆင်းလာပြီလို့လည်းစုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။