Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ PNO စီစဉ်သည့် PDF အလိုမရှိကြောင်းဆန္ဒပြပွဲ တစ်အိမ်တစ်ယောက် မလာမနေရအမိန့်ဖြင့် ပြုလုပ်

စစ်ကောင်စီတပ်သည် ယခင်ကလည်း ဒေသအသီးသီးရှိ ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီး တိုက်လေယာဉ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ကျူးလွန်ခဲ့သည်။

(တောင်ကြီးမြို့၌ ယနေ့ ပြုလုပ်သည့် ဆန္ဒပြပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Pa-O Lo Ywel )
(တောင်ကြီးမြို့၌ ယနေ့ ပြုလုပ်သည့် ဆန္ဒပြပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Pa-O Lo Ywel )

▪️နမ်းနိန်းရွာခံများကို စစ်ကောင်စီက အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သော်လည်း KNDFက ကျူးလွန်သည်ဟု ဝါဒဖြန့် စာရွက်များ ဖြန့်ဝေ

စစ်ကောင်စီ လက်ပါးစေ ပြည်သူ့စစ်အဖွဲ့ဖြစ် သော PNO/PNAက စီစဉ်သည့် PDF အလိုမရှိကြောင်း ဆန္ဒပြပွဲကို တောင်ကြီးမြို့၌ ယနေ့ ပြုလုပ်ခဲ့ရာ တစ်အိမ်တစ်ယောက် မလာမနေရ အမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီအား ထောက်ခံကြောင်းနှင့် PDF အလိုမရှိကြောင်းဆန္ဒပြပွဲသို့ တောင်ကြီးမြို့နယ် ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် တစ်အိမ်တစ်ယောက် မတက်မနေရတက်ရမည်ဟု ယင်းဒေသ၌ နယ်မြေစိုးမိုးထားသည့် PNO က အမိန့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တောင်ကြီးမြို့နယ်ထဲက ကျေးရွာတွေ အကုန် လုံးပဲ။ ပအိုဝ်းတွေရော ဗမာတွေရော ရှမ်းလူမျိုးတွေရောပေါ့။ မြို့ပေါ်မှာကျတော့ အဲဒီပအိုဝ်းရပ်ကွက်တွေကို ဒီလို ဖိအားပေးတာပေါ့နော်” ဟု ပအိုဝ်းဒေသခံက ပြောသည်။

ရွာသားများကိုမူ တောင်ကြီးမြို့၌ ပြုလုပ်မည့် ညီညွတ်ရေးပွဲသို့ တက်ရောက်ရမည်ဟု PNO က လိမ်ညာခဲ့ပြီး မတက်ရောက်ပါက ဒဏ်ငွေ ၅သောင်း ဒဏ်ရိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရင်နာစရာကြီး ကိုယ့်လူမျိုး ကိုယ့်ဘုန်းကြီးကို သတ်တဲ့အဖွဲ့ကိုမှ အမိန့်ကြောက်ပြီး ပြန်ထောက်ခံနေရတဲ့ ဘ၀”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆန္ဒပြပွဲသို့ တစ်အိမ်တစ်ယောက်ခေါ်ယူရာတွင် ကျေး လက်နေပြည်သူများအား မြို့ပေါ်တွင် ညီညွတ်ရေးပွဲရှိသည်ဆိုကာ လိမ်လည်ခေါ်ယူခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရွာတွေတော့ ဘောလုံးပွဲတောင် တစ်အိမ်တစ်ယောက်တက်ရတာ။ သူတို့(PNO)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုရင်ပေါ့။ တောင်ကြီးမြို့ပေါ် မပါဘူး။ အဲလိုပွဲ ဘယ်သူမှမတက်။ လိမ်ပြီးခေါ်ရင်သာ လိုက်ကြတာ။ သူတို့ကလည်း လိမ်တာပဲလေ။ ခုလည်း လိမ်ပြီးခေါ်တာပဲ”ဟု တောင်ကြီးဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တဖြစ်လည်း ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် PNO သည် ယခင်ကလည်း ကျေး လက်နေပြည်သူများအား နိုင်ငံရေးတွင်အသုံးချလေ့ရှိပြီး ၎င်းတို့ပြုလုပ်သည့် မည်သည့်ပွဲမဆို တစ်အိမ်တစ်ယောက်မတက်ရောက်ပါက ဒဏ်ရိုက်အရေးယူလေ့ရှိကြောင်း အထက်ပါ တောင်ကြီးဒေသခံက ရှင်းပြသည်။

ယင်းသို့ အမိန့်ပေးထားသည့် သတင်းပေါက်ကြားပါက သတင်းပေးသူများကို ရွာအတွင်း ပေးနေမည် မဟုတ်ကြောင်း PNOက ခြိမ်းခြောက်ခဲ့သည်ဟု Pa-O Lo Ywel က ဖော်ပြခဲ့သည်။ PNO ပြည်သူ့စစ်များက ၎င်းတို့ ခိုင်းသည့်အတိုင်း မလုပ်ဆောင်သည့် ဒေသခံများကို မူးယစ်ဆေးသုံးစွဲသူဟု စွပ်စွဲပြီး အငြိုးနှင့်ဖမ်းဆီးလေ့ရှိသည်ဟုလည်း ဒေသခံ သတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲ၌လည်း နမ်းနိန်း ရွာခံများကို KNDF အဖွဲ့နှင့် အပေါင်းအပါများက သတ်ဖြတ်ခဲ့သည် လိမ်ညာရေးသားထားသည့် စာများ ပုံများပါသည့် စာစောင်များ ဖြန့်ဝေခဲ့သည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF-KK) တို့ကမူ နမ်းနိန်းရွာ၌ စစ်ကောင်စီတပ်က ဒေသခံများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ဖြစ်စဉ်အပေါ် မြေပြင်သက်သေများနှင့်အတူ ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချထားသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း ဒေသအသီးသီးရှိ ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီး တိုက်လေယာဉ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook