Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ် မန်ကျည်းကုန်းစစ်ဆေးရေးဂိတ်ကို PRDF ပစ်ခတ်တိုက်ခိုက်

ပုလောမြို့ ခလရ (၂၈၅)တပ်ရင်းနှင့် မလှမ်းမကမ်းတွင်ရှိနေသည့် စစ်ကောင်စီ၏ မန်ကျည်းကုန်းစစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၅ ရက်နံနက် ၇နာရီခန့်က သွားရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နာရီဝတ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(PRDF မှ တော်လှန်ရေးရဲဘော်များ စစ်ကြောင်းချီနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - PRDF)
(PRDF မှ တော်လှန်ရေးရဲဘော်များ စစ်ကြောင်းချီနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - PRDF)

တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ မန်ကျည်းကုန်းစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးထိခိုက်သွားကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလောမြို့ ခလရ (၂၈၅)တပ်ရင်းနှင့် မလှမ်းမကမ်းတွင်ရှိနေသည့် စစ်ကောင်စီ၏ မန်ကျည်းကုန်းစစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၅ ရက်နံနက် ၇နာရီခန့်က သွားရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နာရီဝတ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ မန်ကျည်းကုန်းစစ်ဆေးရေးဂိတ်နှင့် ခလရ(၂၅၈)တပ်ကြား မကျည်းကုန်းရွာတွင်လည်း တပ်တွင်းမှ တပ်ကြပ်ကြီးစာရေးတစ်ဦး၏ မင်္ဂလာဆောင်ကျင်းပလျှက်ရှိရာ မဂ်လာလက်ဖွဲ့အဖြစ် စစ်ဆေးရေဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PRDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု)အတိအကျ မသိရသေးဘူးဗျ”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အထက်ပါ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း PRDF ဘက်မှ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပြီးနောက်ထပ် နာရီဝက်ခန့်အထိ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သည်။

ဇွန်လ ၂၀ ရက်ကလည်း ပုလောနယ် ပဝတ်ကုန်းကျေးရွာအနီးတွင် KNDO၊ PRDF၊ PPDF နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ ပူးပေါင်းတပ်မှ PDF ရဲဘော်တစ်ဦးကျဆုံးပြီး စစ်တပ်ဘက်မှ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။