Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် KNU၊ PDF ပူးပေါင်းတပ်များ လမ်းပိုင်းစစ်ဆေးရေးလုပ်နေစဥ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်

ယမန်နေ့(ဇွန် ၂၀)နေ့လယ် ၁၂ နာရီခွဲခန့်က ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာအနီး ဂိတ်ချစစ်ဆေးနေသော KNU၊ PDF ပူးပေါင်းတပ်များကို စစ်ကောင်စီတပ်မှ ပျူစောထီးအပါအဝင် အင်အား ၂၀၀ ဝန်းကျင်ဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ရင်း(၁)က ပြောသည်။

(ပုလောမြို့နယ် မြိတ် - ထားဝယ်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များက ယာဥ်အသွားအလာများအား စစ်ဆေးနေစဥ်။ဓာတ်ပုံ - ပေးပို့)
(ပုလောမြို့နယ် မြိတ် - ထားဝယ်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များက ယာဥ်အသွားအလာများအား စစ်ဆေးနေစဥ်။ဓာတ်ပုံ - ပေးပို့)

▪️တိုက်ပွဲပြင်းထန်ပြီး PDF ရဲဘော်တစ်ဦးကျဆုံး၊ စစ်တပ်ဘက်မှ ထိခိုက်မှုများဟုဆို

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် လမ်းပိုင်းစစ် ဆေးရေးလုပ်ဆောင်နေသော KNU၊ PDF ပူးပေါင်းတပ်များကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဇွန် ၂၀)နေ့လယ် ၁၂ နာရီခွဲခန့်က ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာအနီး ဂိတ်ချစစ်ဆေးနေသော KNU၊ PDF ပူးပေါင်းတပ်များကို စစ်ကောင်စီတပ်မှ ပျူစောထီးအပါအဝင် အင်အား ၂၀၀ ဝန်းကျင်ဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ရင်း(၁)က ပြောသည်။

“(စစ်တပ်)စစ်ကြောင်းတက်နေတာကြာပြီ မနေ့ကမှ ပွဲဖြစ်တာ။ အင်အား ၂၀၀ကျော်နိုင်တယ်။ တစ်ကြောင်းကို အများဆုံး ၁၀၀ကျော်နဲ့ အနည်းဆုံး ၈၀လောက်ပေါ့။ အားလုံးစစ်ကြောင်း သုံးကြောင်းနဲ့ လာတိုက်တာ”ဟု မြိတ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းတွင် ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်သားများသည် အပေါ်ပိုင်းအရပ်ဝတ်ဝတ်ထားကြပြီး ပြည်သူများအမြင်တွင် PDFပူးပေါင်းတပ်များနှင့် ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ထားဟန်ရှိပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ချိန် ၅ နာရီခန့်ကြာမြင့်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင် မြိတ်ခရိုင် တပ်ရင်း (၁)မှ ရဲဘော်တစ်ဦးကျဆုံးပြီး စစ်ကောင်စီတပ်ဘက်မှလည်း အများအပြားထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်အား မသိရသေးပေ။

ယနေ့(ဇွန် ၂၁)တွင်လည်း KNU၊ PDF ပူးပေါင်းတပ်များမှ ဂိတ်စခန်းဖွင့်၍ လမ်းပိုင်းစစ်ဆေးမှုလုပ် ဆောင်ခြင်းမရှိသော်လည်း ပဝတ်ကုန်းအနီးဆက် လက်တပ်စွဲထားရာ ပလမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် ခမရ (၂၅၈)တပ်ရင်းများမှနေ၍ လက်နက် ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။